ရင်ဘတ်တစ်ခြမ်းရဲ့ ဒိုင်ယာရီလေး

1.5K 133 3
                                    

" ချန်း ဒါလေး "

ကျောင်းဝင်ဝသို့မရောက်သေး လမ်းခုလပ်မှဖြတ်၍
ပေးလာသောလက်ထဲကပန်းနုရောင်စာအိတ်လေးကို
ချန်းယောလ် နှုတ်ဆိတ်လျက်သာစိုက်ကြည့်မိသည် ။

ထို့နောက် လက်ထဲ တစ်မိနစ်မျှအစွန်းမခံ ။ စာအိတ်
လေး၏ ပိုင်ရှင်​ဖြစ်သူမိန်းကလေးထံသို့ပြန်ကမ်းပေး
လျက်...

" တောင်းပန်ပါတယ် "

ပြောမြဲဖြစ်ဆဲစကား ။ ထိုစကားတစ်ခွန်းသာဆိုလျက်
၎င်းမိန်းကလေးအားကျောခိုင်းလျက်ကျောင်းထဲသို့သာ
ဝင်လာခဲ့သည် ။

အတန်းထဲရောက်သည်နှင့် လုပ်နေကျအမူအကျင့်
ဖြစ်သည့် သင်ခန်းစာ ဖတ်စာအုပ်ထုတ် ။ နားကျပ်
တပ်လျက် အနည်းငယ်ခက်ခဲသယောင်သင်ခန်းစာ
တစ်ချိူ့ကိုပြန်လည်တွက်ကြည့်ရင်း အတန်းထဲရှိ
အတန်းဖော်တို့၏ စကားသံ အတင်းအဖျင်းအသံ
တို့ကို လျစ်လျူရှုလျက် ဤတစ်နေ့၏တစ်နေ့တာ
ကို သူတိတ်တဆိတ်သာကုန်ဆုံးဖို့ရည်ရွယ်သည် ။

ပတ်ချန်းယောလ်ဆိုတဲ့သူ့ကမ္ဘာလေးက
တကယ်ကိုတိတ်ဆိတ်ပါတယ် ။

သူ့ကမ္ဘာလေးထဲကောင်လေးတစ်ယောက်
မဝင်ရောက်လာခင်ပေါ့ ။

မိဘနှစ်ပါး၏ ချမှတ်ထားသောစည်းကမ်းတွေ တ
သွေမသိမ်း လိုက်နာကျင့်သုံးရသော်လည်း တခြား
သူတွေလိုညည်းညူခြင်းမရှိ ။

ထိုစည်းကမ်းတွေနဲ့နေပျော်မွေ့သူတစ်ယောက်ပီပီ ။
ကျောင်းအတွင်းကျောင်းအပြင် အပေါင်းအသင်း
သူငယ်ချင်းမထားတတ်တဲ့သူ့အတွက်ကတော့ အ
ဖော်ဆိုလို့ သူသာရှိ၏ ။

မွေးရာပါချောမောခန့်ညားသန့်ရှင်းလွန်းသော ရူပါ
ကြောင့် တစ်ခါတစ်လေ တိတ်ဆိတ်လွန်းနေသော
သူ့ကမ္ဘာလေးဟာ မိုက်ရူးရဲဆန်သောမိန်းကလေးတစ်
စုကြောင့် ဆူညံ့ဂယက်ထရတဲ့အခိုက်အတန့်လည်း
ရှိ၏ ။

ရွယ်တူအတန်းဖော်ယောကျ်ားလေးတွေကတော့
သီးသန့်နေထိုင်တတ်ပြီး လူတိုင်းနဲ့ရောနှောခြင်းမရှိ
တစ်ဦးတစ်ယောက်တည်းသာခွဲနေတတ်သောသူ့အား
မာနကြီးတခွဲသား ။ ရုပ်ရည်ကြောင့်စျေးကိုင်တယ် ။
အထာကိုင်တယ် ။ အလကားကောင် မိဘနောက်ခံနဲ့
ရုပ်လုံးထွက်နေတာ ။ စသဖြင့် စကားလုံးတို့နဲ့မနာလို
ထိုးနှက်တတ်ကြသည် ။

|| CHANBAEK ONE SHOTS ||Where stories live. Discover now