𝖯𝗅𝗎𝗏𝗂𝗈𝗉𝗁𝗂𝗅𝖾 5

248 48 9
                                    

ပြတင်းတံခါးချပ်များနှင့်အိမ်တံခါးမကြီးကိုပင်စေ့ပိတ်ထားသည့်တိုင် သည်းထန်စွာရွာသွန်းနေသည့်မိုးစက်ကျသံများမှာ အပေါ်ထပ်ရှိဂျယ်မင်း၏အိပ်ခန်းလေးထဲတွင်မျက်နှာချင်းဆိုင်ထိုင်နေသည့် ရွမ်ကျွင့်နှင့်ဂျယ်မင်း၏နားထဲသို့ခပ်ကျယ်ကျယ် ပဲ့တင်သံထပ်၍နေဆဲပင်ဖြစ်သည်။

အရှိန်တက်နေသည့်အဖျားပိုးများပင် လွန်ခဲ့သည့်နာရီဝက်ကျော်ကတည်းက ဘယ်ရောက်လို့ရောက်သွားမှန်းမသိအောင် အံ့သြမှင်သက်သွားရသည်အထိဂျယ်မင်း၏အသိစိတ်များက အိပ်ယာခင်းဖြူလွှလွှခင်းထားသည့်ကုတင်ထက်၌ ခပ်ထူထူနီညိုရောင်ဂွမ်းစောင်ထည်အား တစ်ကိုယ်လုံးပတ်၍ထိုင်နေသည့် ရွမ်ကျွင့်ကြောင့်လွှင့်ပြယ်ကုန်ရသည်။

ခရီးမှပြန်ရောက်ရောက်ချင်းပင် အဖျားအရှိန်တက်၍တကိုယ်လုံးကိုင်ရိုက်ခံထားရသယောင် နာကျင်နေခြင်းကြောင့်ကုတင်ထက်၌မှေးရင်းဖြင့် နေလည်ခင်းအချိန်တည်းမှအိပ်ပျော်သွားခဲ့သည်မှာ ပြန်နိုးလာသည့်အချိန်တွင်ညနေခင်း၏ရွှေညိုရောင်နေရောင်ခြည်များကပင် တရိပ်ရိပ်ဖြင့်ဝါးမြိုလာသည့်အမှောင်ရိပ်ထဲ၌ ပျောက်ကွယ်လုနီးပါးဖြစ်လျော့နေပြီဖြစ်သည်။

မစဲသေးသည့်မိုးသံများကြောင့်ပြတင်းတံခါးအားလှစ်ဟကြည့်လိုက်သည်ကပင် ကံကောင်းသွားသည်ဟုဆိုရပေမည်။
ခေါက်ထီးအဝါရောင်လေးအားခပ်တင်းတင်ဆုပ်ကိုင်ကာ ခြံတံခါးရှေ့၌ရပ်နေသည့်ပုံရိပ်လေးကြောင့် ရွမ်ကျွင့်များဖြစ်နေမလားဆိုသည့်အတွေးနဲ့အတူ စိတ်ထင့်သွားသည်မို့အပြေးအလွှားဆင်းကြည့်မိသည့်အခါ မိုးသည်းထဲ၌ခိုက်ခိုက်တုန်အောင် ချမ်းနေလေသူသည်သေချာပေါက် စောင့်မျှော်ခဲ့ရသူဖြစ်နေခဲ့သည်။

ဂျယ်မင်းခြံရှေ့သို့ထီးတစ်ချောင်းဆွဲယူ၍ ခပ်မြန်မြန်ပြေးဆင်းသွားသည့်အချိန် မိုးသည်းထဲ၌ကိုယ်လေးအားကြုံ့၍ နှုတ်ခမ်းသားလေးများပင် ပြာတက်လုမတတ်ဖြစ်နေသည့် ရွမ်ကျွင့်၏ပုံကိုမြင်လိုက်ရသည်ကြောင့် ရင်ထဲ၌ကိုယ့်ကိုယ်ကိုအလိုမကျဖြစ်မိသည်။
သတိလက်လွှတ်အိပ်ပျော်သွားခဲ့သည့်ကိုယ့်ကိုယ်ကိုသာ အပြစ်တင်စိတ်ဖြစ်ပြီးဒေါသဖြစ်ရပြန်သည်။

𝖯𝗅𝗎𝗏𝗂𝗈𝗉𝗁𝗂𝗅𝖾 : 𝖩𝖺𝖾𝗆𝖱𝖾𝗇Where stories live. Discover now