𝖯𝗅𝗎𝗏𝗂𝗈𝗉𝗁𝗂𝗅𝖾 7

318 43 18
                                    

အဆုံးအစမဲ့လွန်းသည့်မိုးကုတ်စက်ဝိုင်းကြီးသည် တိမ်စိုင်တိမ်သားတို့ပကတိကင်းစင်၍ ကြည်လင်နေသည်။
ခပ်နွေးနွေးကျရောက်နေသည့်ရွှေဝါရောင်နေရောင်ခြည်အောက်တွင် ခြံဝန်းအနောက်ဘက်တွင်လှန်းထားသည့် အိပ်ယာခင်းစများက နေ့လည်ခင်း၏အပူငွေ့များဖြင့်ရောယှက်၍ တိုက်ခတ်နေသည့်လေပြေတို့ကြားထဲတွင် အဝတ်ကြိုးတန်းပေါ်၌ တလွှင့်လွှင့်ဖြစ်ကာရိုက်ခတ်လို့နေသည်။

ပြတင်းတံခါးဝကိုမေးတင်၍မှိုင်တွေနေသည့်ဂျယ်မင်းထံမှ မကြာခဏသက်ပြင်းရှိုက်သံများတိုးဖွဖွထွက်လာပြီး ဂျယ်မင်း၏မျက်ဝန်းများသည် ခြံဝန်းအနောက်ဘက်တွင်လှန်းထားသည့် လေနှင့်အတူလွှင့်နေသောအိပ်ယာခင်းစများကိုသာ မမှိတ်မသုန်စိုက်ကြည့်နေလေသည်။ စိတ်အာရုံများသည် လေပြေညင်းများလိုပင်လွင့်ပါးနေပြီး ဖမ်းဆုပ်ရခက်ခဲစွာပြန့်လွင့်နေခဲ့သည်။

" ဒုတ်! "

" အ့ !! "

ပြတင်းတံခါး၏တံစက်မြိတ်နားမှကပ်၍ပျံသွားသည့်ဌက်သည် ခြေကြားညှပ်၍သယ်လာသည့်သစ်ခေါက်စအားပစ်ချသွားခြင်းကြောင့် ဂျယ်မင်း၏နဖူးစောင်းမှာဆစ်ကနဲနာကျင်မူနှင့်အတူအသိစိတ်ပြန်ကပ်လာတော့သည်။

" ကျစ် နာလိုက်တာကွာ.."

လက်ဖဝါးလေးဖြင့်နာကျင်သွားသည့်နဖူးစောင်းအားခပ်ဖွဖွဖိပွတ်နေသည့်ဂျယ်မင်းသည် ကားဂိတ်တွင်ဖြစ်ပွားခဲ့သည့်ယမန်နေ့မှအဖြစ်အပျက်များအား ခေါင်းထဲသို့အစီရီပြန်ရောက်လာသည့်အခါ စိတ်များမှိုင်တွေသွားရပြန်သည်။

ဘတ်စ်ကားဂိတ်တွင် မခံချင်စိတ်နှင့်ရှေ့နောက်သေချာမစဉ်းစားမိပဲ ရုတ်တရက်ဆန်စွာပြုမူလိုက်မိသည့်လုပ်ရက်တစ်ခုကြောင့် နောက်ပိုင်းတွင်ရွမ်ကျွင့်ကဂျယ်မင်းကိုမြင်လျှင်အရင်လိုစကားသိပ်မပြောတော့ပဲ သိသိသာသာရှောင်ဖယ်လာသည်မှာအချိန်တစ်ပတ်ပင်ကျော်လွန်လာပြီဖြစ်သည်။

ဘယ်လိုတောင်းပန်စကားမျိူးနှင့် ရွမ်ကျွင့်ကိုတောင်းပန်လိုက်လျှင် အရင်လိုနွေးထွေးသည်ဟု့ဆိုနိုင်သည့်ဆက်ဆံရေးလေးကို ပြန်ရလိမ့်မလဲဆိုသည်ကိုဂျယ်မင်းတကယ်ကိုမစဉ်းစားတတ်တော့ပေ။ တောင်းပန်လိုက်ကာမှပိုဆိုးသွားမှာကိုလည်းစိုးရွံ့နေမိသည်။

𝖯𝗅𝗎𝗏𝗂𝗈𝗉𝗁𝗂𝗅𝖾 : 𝖩𝖺𝖾𝗆𝖱𝖾𝗇Where stories live. Discover now