Chapter 2 : <Regression (2)>

583 88 0
                                    

    ကျွန်တော် ဓားသေးတစ်လက်ကို ဆွဲထုတ်လိုက်ပြီး ကျွန်တော့်လက်ဖျံတစ်လျှောက် လှီးဖြတ်လိုက်တယ်။ ဖြတ်ရာကနေ သွေးတွေ စိမ့်ထွက်လာပြီး သွေးပုပ်ရောင်လို အရောင်ရှိတဲ့ လှံတံတစ်ချောင်း ဖြစ်ပေါ်လာတယ်။ တောက်လောင်နေတဲ့ အနက်ရောင် မီးတောက်တွေကလည်း လှံထိပ်ကနေ လျှံထွက်နေပြီး လက်ကိုင် တစ်လျှောက်မှာ ရစ်ပတ်နေခဲ့တယ်လေ။

    - Grrrr

    Lauchitas ကျွန်တော့်ကို အထင်သေးခဲ့ပြီး လျှစ်လျှူရှုခဲ့တဲ့ ကောင်။ တစ်ချိန်တည်းမှာပဲ ခေါင်းသုံးလုံးက ထောင်လာတယ်။ ၎င်းမျက်လုံးထဲမှာ မြင်နေရတဲ့ လှံတံရဲ့ မြင်ကွင်းကိုလည်း သတိမူမိနေရင်း အတော်စိတ်အနှောက်အယှက်ဖြစ်သွားပုံပါပဲ။ သူ့ရဲ့ ပါးစပ်ကြီးပွင့်လာတာ အဲ့ထဲမှာ ပေါက်နေတဲ့ ချွန်ထက်လှတဲ့သွားတွေကို တန်းစီပြီး မြင်နေရတယ်။

    အရင်က ကျွန်တော်သာဆိုရင် အဲ့အကောင်နဲ့ မျက်လုံးချင်း မစုံနိုင်ခင်မှာပဲ သူ့ရဲ့ လွှမ်းမိုးမှုအောက်မှာ လဲကျသွားတာ ကြာလောက်ပါပြီ။ ဒါပေမဲ့ အခုတော့ ကျွန်တော် စိတ်တင်းကျပ်မှု အနည်းငယ်ကိုတောင် မခံစားရတော့ပါဘူး။

    ကျွန်တော် သေချာပါတယ်။ အဲ့အကောင် ကျွန်တော့်ထက်ပိုအားနည်းတယ်ဆိုတာ။

    "လာစမ်းပါ စောက်ရူး အိမ်မြှောင်ကောင်"

    -Grrr!

    အဲ့ကောင်ကြီးက ကျယ်လောင်စွာ စူးစူးရှရှ အော်ဟစ်နေခဲ့တယ်။ ပတ်ဝန်းကျင်တစ်ခုလုံးက အဲ့ဒီ အသက်ပါလောက်တဲ့ မြည်ဟီးတဲ့အသံကြောင့် တုန်လှုပ်သွားတာပေါ့။ ခေါင်းသုံးလုံးနဲ့ ဧရာမ ကောင်ကြီးက မြေပြင်ပေါ်မှာ လုံးဝ တုံးလုံးလဲကျနေပါပြီ။ သူ့မှာ တောင်ပံတွေမရှိဘူး။ အဲ့ဒီအစား တစ်ကိုယ်လုံးကျိန်စာတွေနဲ့ ဖုံးလွှမ်းနေတဲ့ ခန္ဓာကိုယ်ပြောင် တစ်ခုရှိတယ်။ ကျားသစ်တစ်ကောင်ရဲ့ ပြောက်ကျား အရေခြုံလိုပါပဲ။ ၄င်းရဲ့ အမြှီးရှည်ကြီးကလည်း အရောင်စုံ ပုံဖော်ထားတဲ့ ဆူးချွန်အလိမ်လိမ်တွေ တစ်လျှောက် အပြည့်နဲ့ပါ။

    Thud!

    သူက ခြေလေးချောင်းစလုံးကို မြေကြီးပေါ်  ဒုံးကနဲ ချပစ်လိုက်တယ်။ သေမင်းရဲ့ တံစဉ်နဲ့ ဆင်တူတဲ့ ခြေသည်းလက်သည်းတွေကြောင့် မြေကြီးပေါ်မှာ ကုတ်ရာကြီး ကျန်နေခဲ့စေတယ်။ ဒီလို ကြီးမားလှတဲ့ခန္ဓာကိုယ်အတွက်လည်း မထင်မှတ်နိုင်တဲ့ လျင်မြန်လှတဲ့ လှုပ်ရှားနိုင်မှုကလည်း ရှိနေပါသေးတယ်။ တစ်ချက်တည်းနဲ့ အကောင်ကြီးက ကျွန်တော်တို့ကြားထဲက နေရာကို ဖြတ်သွားနိုင်တာပေါ့။ အရင်က ကျွန်တော်သာဆိုရင် သူ့ကို ဖမ်းလိုက်နိုင်မှာမဟုတ်ပါဘူး။

ကျွန်တော် ပျိုးထောင်ခဲ့သော S အဆင့်လေးများ (Mm Translation)Where stories live. Discover now