Zawgyi
ဆိုမီက Jenနှင့်အတူလာနေမပေးနိုင်တော့သည်မို့ အဖော်ညီမလေးတစ်ယောက်ကို Jenအဖော်အဖြစ်ခေါ်ထားခဲ့ရသည်။ Jenကအိပ်ယာမှအရင်နိုးလျှင် မနက်စာအတွက် ဂျီဝန်းကို ဝယ်ခိုင်းပြီး လီဆာကအိပ်ယာမှ အရင်နိုးလျှင်သူ့ဘာသာJenအတွက် မနက်စာစီစဉ်ထားတတ်သည်။
နောက်ပိုင်းရက်များတွင် Jenသည် စတိုးဆိုင်မှအလုပ်ထွက်ပြီး သူအလုပ်သွင်းပေးသော Supermarketအသစ်ကြီးတွင် ညပိုင်းအလုပ်ဝင်လုပ်ခဲ့၏။နေ့ဘက်တွင်သူနှင့်အတူ သီချင်းဆိုလေ့ကျင့်ခဲ့ကြသည်။ သူကJenအတွက်ပထမဦးဆုံး သီချင်းလေးတစ်ပုဒ်ရေးပေးခဲ့သည်။
သီချင်းလေးနာမည်က "နှလုံးသားကိုပိုင်စားသူ"ဖြစ်ပြီး စသားများက အလွန်ကောင်းမွန်၍ ဆွဲဆောင်မှုရှိသည်။
ထိုသီချင်းလေးကို Jenအလွန်နှစ်သက်မိသည်။
Jazzသံစဉ်လေးဖြစ်ပြီး အေးအေးလေးရယ်ပါ။"ဘယ်လိုလဲJen...... ကျွန်တော့်သီချင်းလေးကိုသဘောကျရဲ့လား"
"အရမ်းကြိုက်တယ် လီ ၊ စာသားလေးတွေသိပ်ကောင်းတာပဲနော် ပြီးတော့ Jenက ဒီလိုသီချင်းအေးအေးလေးတွေပဲဆိုချင်တာ"
"တစ်ခွေလုံး အေးအေးလေးတွေချည်းပဲ ထည့်လို့တော့မကောင်းဘူး၊ အပူ အအေး မျှထည့်ဖို့စိတ်ကူးထားတယ်"
"လီ့သဘောပါ Jenကသီချင်းကိုကြိုးစားဆိုရမှာအဓိကပဲ"
"Jenကိုအောင်မြင်တဲ့အဆိုတော်တစ်ယောက်အဖြစ် ကျွန်တော် မြင်ချင်တယ်Jen၊ ကြိုးစားနော် အားမလျှော့နဲ့ စီးရီးအတွက်အရင်းကို အခုကတည်းကကျွန်တော်စီစဉ်နေပြီ ဘဏ်ခဲမှာကျွန်တော့်မေမေ ပေးခဲ့တဲ့အမွေဆယ်သိန်းတော့ရှိတယ်။ ထည့်ထားတာကြာပြီဆိုတော့ အတိုးနဲ့ပါပေါင်းရင် ဆယ်သိန်းခွဲလောက်ရှိမယ်ထင်တယ်။ ဒါပေမယ့် ဒီပိုက်ဆံလောက်နဲ့ စီးရီးတစ်ခွေထုတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်အများကြီးကြိုးစားရအုံးမယ်၊ တကယ်လို့ငွေမလုံလောက်ခဲ့ရင် ဒီတိုက်ခန်းလေး ရောင်းရပါစေ၊ ကျွန်တော်ကြိုးစားမယ်Jen ၊ Jenအဆိုတော်တစ်ယောက်ဖြစ်ဖို့သိပ်အရေးကြီးတယ်"
သူ့စကားကြောင့် Jenအတော့်ကို အံ့အားသင့်သွားသည်။ Jenအတွက် သူ့ရဲ့ရှိစုမဲ့စုနဲ့ ဝယ်ထားတဲ့တိုက်ခန်းလေးကိုရောင်းပြီး စီးရီးထုတ်ဖို့အထိတောင်စွန့်စားနေသောကြောင့်ပင်။
YOU ARE READING
The heart of music
General FictionHey guys ကျနော် ဆရာမစုလြှဖူ ရဲ့ လုံးချင်းဝတ္ထုတစ်ပုဒ်ကိုJL verနဲ့ficတစ်ပုဒ်ပြန်ရေးချင်ပါတယ်။JLကိုမှnormalပုံစံနဲ့ရေးပါမယ်။ဝတ္ထုဖတ်နေရင်း Jennieနဲ့Lisaကိုပဲတွေးနေမိလို့JL verပြန်ဖန်တီးလိုက်တာပါ။အလုပ်လဲမရှိတော့အေးဆေးရေးပါမယ်။ဒီficတစ်ပုဒ်လုံးက ကျနော့်ရဲ့...