အခန်း(၈)

540 53 0
                                    

Zawgyi

Dew Supermarketကြီးတွင် ဈေးဝယ်သူများဖြင့် စည်ကားနေလေသည်။

ထိုSupermarketကြီးတွင် Jenက accountant လုပ်ရခြင်းဖြစ်သည်။

အရောင်းစာရေးမလေးများနှင့် ကုန်ပစ္စည်းစာရင်းရေးနေစဉ် ဆိုင်ထဲသို့ မှန်တံခါးတွန်းဖွင့်ပြီး ဝင်လာသောအမျိုးသမီးတစ်ယောက်ကို အမှတ်မထင်တွေ့လိုက်ရသည်။

Jenရင်ထဲထိတ်ခနဲဖြစ်သွားမိပြီး Jenကို သူ မမြင်စေရန် ကွယ်ပြီးရပ်နေလိုက်သည်။

ထိုအမျိုးသမီးနှင့် Jen မဆုံတွေ့ချင်ပါ။ ထိုအမျိုးသမီးကို Jenကောင်းစွာမှတ်မိနေခဲ့သည်မဟုတ်ပါလား။ သူ့နာမည် Song Jiyeon။

သူမကအရင်ကအတိုင်း သားနားလှပါစွာ ဝတ်ဆင်ထားပြီး လက်ကိုင်အိတ်အကောင်းစားတစ်လုံးကို လက်မှာပိုက်ကာ ကြိုက်နှစ်သက်ရာ ပစ္စည်းအချို့ ကို ဈေးဝယ်ရန် တွန်းလှည်းလေးထဲသို့ ထည့်နေသည်။

သူဒီကို ဘယ်လိုလုပ်ရောက်လာပါလိမ့်....သူအိမ်ပြောင်းလာခဲ့တာများလား ဒါမှမဟုတ် အလည်လာတာလား။

Jenရင်ထဲတွင် အတွေးများစွာဖြင့် ရှုပ်ထွေးနေလေသည်။

ထိုအမျိုးသမီးကို မြင်တွေ့လိုက်ရသည်နှင့် Jenရင်ထဲမှဒဏ်ရာဟောင်းများ ပြန်လည်နိုးထလာသလိုပင် နာကျင်စွာခံစားနေရလေသည်။

မေ့ပစ်ထားခဲ့သော မေ့မရနိုင်သော အတိတ်တို့ Jenဦးနှောက်ထဲတွင် ပြန်လည်ထင်ဟပ်လာလေသည်။

💭 ဒီမှာ မိJen ညည်းအဆင့်အတန်း ညည်းသိပါ။ ကိုယ့်ကိုယ်ကို ဘာမှန်းမသိဘဲနဲ့ တန်ရာတန်ရာမှန်းသင့်ပါတယ်။

💭ညည်းလို ဆင်းရဲသူမနဲ့ငါ့မောင်ကိုလား.... ဝေးသေး၊ ဒီတစ်သက်မပြောနဲ့ နောင်ဆယ်သက်အထိမပေးစားဘူး။

Jenနားနှစ်ဖက်ကို ယောင်ယမ်းပြီးပိတ်ပစ်လိုက်သောကြောင့် လက်ထဲမှ စာရင်းစာအုပ်လေး လွတ်ကျသွား၏။

လွတ်ကျသွားသောစာအုပ်လေးကို ပြန်ကောက်ရင်းသူ့ကိုမမြင်ရသော နေရာသို့ပြေးလာခဲ့မိသည်။

သိပ်မုန်းတယ်.....သိပ်မုန်းတယ်....ရှင်တို့ကို သိပ်မုန်းတယ်....

The heart of musicWhere stories live. Discover now