အခန်း(၁၀)

530 37 3
                                    

Zawgyi

Jenအလုပ်ဆင်းချိန် super marketထဲမှ ထွက်လာသောအခါ မောမောပန်းပန်းပြေးလာသောသူ့ကို တွေ့လိုက်ရ၏။

"ဟောတော့...ဘယ်လိုဖြစ်ရတာလဲ"

Jenကအံ့ဩသလိုမေးတော့ သူကရယ်နေသည်။ပြီးမှပြောသည်။

"Jenကိုပြောစရာရှိလို့ပြေးလာတာ...ဟူး...မောလိုက်တာဗျာ"

"ဘာများလဲ လီရဲ့"

"သိပ်ဝမ်းသာစရာကောင်းတဲ့ကိစ္စတစ်ခုပဲ Jen ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ ကျွန်တော်တို့နှစ်ယောက် ဖျော်ဖြေဖို့အခွင့်အရေးတစ်ခုရခဲ့တယ် သိလား Jen"

"ဟင် ဟုတ်လား ဘယ်မှာလဲ"

"The heart of music ဆိုတဲ့စားသောက်ဆိုင်တစ်ခုမှာ ဖျော်ဖြေရမှာ အဲ့ဒီနေ့ည တစ်ညလုံးဆိုရမှာလေ ကျွန်တော်ကpianoတီးမယ် Jenကသီချင်းဆိုရမယ်"

"တကယ်လား လီ"

"တကယ်ပေါ့ အဲ့ဒီနေ့ညမှာ စားသောက်ဆိုင်ပိုင်ရှင်ရဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဧည့်ခံပွဲလေ အဲ့ဒီတစ်ညဖျော်ဖြေခွင့်ရဖို့အတွက် ဆိုင်ပိုင်ရှင်ကို မနည်းပြောရတာ၊ သူ့ကိုတွေ့ခွင့်ရဖို့ကလဲလွယ်တာမဟုတ်ဘူး သူ့ကိုတွေ့ခွင့်ရဖို့ သူ့ဆိုင်မှာ သွားစောင့်နေခဲ့တာ သုံးရက်တောင်ရှိပြီ ဒီနေ့ညမှ သူနဲ့တွေ့ခွင့်ရတာ ဒါတောင်သူက  ပထမပိုင်းလက်မခံချင်သေးဘူး နောက်မှ Sundayမှာ သူ့သူငယ်ချင်းတစ်ယောက်ရဲ့ ဧည့်ခံပွဲရှိတယ်ဆိုပြီးလက်ခံလိုက်တယ်၊ မင်းတို့စမ်းကြည့်ပေါ့တဲ့ Jenကိုကျွန်တော့်ညီမလေးလို့ပြောထားတယ် သူသဘောကျရင် သူ့မိတ်ဆွေစားသောက်ဆိုင်တစ်ခုမှာ အလုပ်သွင်းပေးမယ်တဲ့လေ သူ့ဆိုင်မှာက အဆိုတော်ငါးယောက်တောင်ရှိတယ်ဆိုတော့ လက်မခံချင်တော့ဘူးပေါ့ ဒါပေမယ့် pianolist တော့လိုတယ် ကျွန်တော်လုပ်ချင်ရင် လုပ်လို့ရတယ်တဲ့ "

"လီက လုပ်မလို့လား"

Jenကမသိသလိုလေးမေးတော့ သူကသဘောကျလိုပြုံးနေသည်။ ပြီးတော့ပြောသည်။

"ဒီအခွင့်ရေးမျိုးကရခဲတယ်မဟုတ်လား...ဒါကြောင့်လက်ခံလိုက်တာပေါ့ "

သူ့စကားကြောင့်Jenရင်ထဲတွင် တစ်မျိုးကြီးခံစားလိုက်ရသည်မဟုတ်ပါလား...

The heart of musicWhere stories live. Discover now