(Unicode)
ညပိုင်းရောက်တော့ ရှောင်းကျန့်က ရိပေါ်ဆီဖုန်းဆက်လိုက်သည်။
ဖုန်းနံပါတ်ပြောင်းရင် ပြောင်းနိုင်ပေမယ့် အရင်တုန်းက ဖုန်းနံပါတ်အဟောင်းကိုပဲ ဆက်ကြည့်လိုက်တာဖြစ်၏။
ဖုန်းဝင်သွားတာကြောင့် ရှောင်းကျန့်မှာ ပျော်သွားရသည်။ ဖုန်းကိုင်ရင် ဘာပြောရမလဲဟု စိတ်လှုပ်ရှားနေတုန်း တစ်ဖက်က ဖြေဆိုသူက ရိပေါ်မဟုတ်ပဲ သမီးလေးဖြစ်နေခဲ့သည်။
" ဟဲလို "
သမီးလေးရဲ့ အသံ သေးသေးလေး။
" သမီး ... သမီးလေးလား "
ရှောင်းကျန့်မှာ သမီးလေးအသံကို ကြားလိုက်ရသည်ကြောင့် ရင်ထဲလှိုက်ခနဲ။ သမီးကတော့ ရှောင်းကျန့်ကို ဘာမှပြန်မဖြေပါ။
" ပါပါးဖုန်းလာတယ် " လို့ ပြောသံပဲကြားရလေသည်။
ရိပေါ်က ရေချိုးပြီးအပြင်ထွက်လာတာနဲ့ သမီးလေးက ဖုန်းကိုင်ထားတာကို တွေ့သည်။သမီးက ရိပေါ်ရဲ့လက်ထဲကို ဖုန်းထည့်ပေးသည်။
အမည်မသ်ိ နံပါတ်တစ်ခု။ ရိပေါ်က လက်တစ်ဖက်နဲ့ ဆံပင်ကိုသုတ်နေရင်း ဖုန်းကိုဖြေလိုက်သည်။ သမီးလေးတော့ ဘေးမှာနေ၍ ရိပေါ်ကို ကြည့်နေသည်။
" ဟဲလို "
ရိပေါ်ရဲ့ အသံကိုကြားရစဥ်မှာ ရှောင်းကျန့်က ထခုန်မတတ်ပင်။
" က်ိုယ်ပါ ရိပေါ် "
ဖုန်းကိုကိုင်ထားတဲ့ ရိပေါ်ရဲ့လက်တွေက ကျစ်သွား၏။ ရေသုတ်လက်စလည်း ရပ်သွားသည်။ ခန္ဓာက်ိုယ်ကလည်း တောင့်သွားကာ အသက်တောင်ရှုမိလားမသိတော့။
" ..... "
" အရင်ဖုန်းကို စမ်းဆက်ကြည့်တာ ။ သုံးသေးသားပဲ။ ကိုယ်က ကဒ်အသစ်ပြောင်းလိုက်ပြီထင်နေတာ "
" ဘယ်ကကိုယ်လဲ။ ဖုန်းမှားနေပြီထင်ပါတယ် ။ ဖုန်းချလိုက်ပါတော့မယ် "
ရိပေါ်က ထိုသို့ပြောပြီး ဖုန်းချမယ်လုပ်တော့ ရှောင်းကျန့်က အမြန် အမြန်တားသည်။
" နေ ... နေ ... နေပါဦး ဝမ်ရိပေါ်ရယ် ကိုယ်က ရှောင်းကျန့်ပါ ဖုန်းမချပါသေးနဲ့ဦး "
YOU ARE READING
Remarrying Former Husband (Zhanyi)
FanfictionYou are so important to me. This is probably a bad time but marry me again? A/N : This story is from my imagination . This is just a fan fiction that has nothing to do with reality.Please don't take this serious. This is a mpreg story. If you don't...