(Unicode)
ရှောင်းကျန့်ရဲ့ ခေါင်းမှာတော်တော်လေးနောက်ကျိနေသည်။
နောက်ဆုံးဘာသာရပ်ကိုဖြေဆိုခဲ့ပြီးနောက် သူငယ်ချင်းတစ်သိုက်ဖြင့် ဘားကိုသွားခဲ့သည်။ ထို့နောက် ဖေးဖေးနဲ့ စကားတစ်ချို့ပြောခဲ့သေးသည်။
အဲဒီနောက်ပိုင်း အိမ်ပြန်အလာ လမ်းတစ်ဝက်မှာပဲ လူက အမှောင်ကျသွားပြီး ဘာကိုမှမသိတော့။ အခုသူရောက်နေတာကလည်း အိပ်ယာတစ်ခုပေါ်မှာဖြစ်သည်။
နေရောင်တစ်ချို့က ရှောင်းကျန့်မျက်နှာပေါ်ကျရောက်နေသည်။ ဒါကြောင့် မနက်ခင်းဖြစ်လောက်မည်ဟုမှန်းဆလို့ရသည်။
ခေါင်းကိုဖိပြီး ဖြည်းဖြည်း အားယူကာ ထထိုင်ကြည့်သည်။ အင်္ကျီတွေက မနေ့က ဝတ်ထားတဲ့အတိုင်းပင်။ အခန်းကတော့ သူနဲ့လုံးဝမရင်းနှီးတဲ့အခန်း။
အခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်နေဆဲမှာပဲ အခန်းတံခါးက ပွင့်လာသည်။ အခန်းထဲဝင်လာသူမှာ ရိပေါ်ဖြစ်နေလေသည်။
ရှောင်းကျန့်မှာ နှုတ်ခမ်းတွေ ပွင့်ဟသွားရလောက်တဲ့အထိ အံ့သြသွားရသည်။
ဘာကြောင့် ဝမ်ရိပေါ်က အခန်းထဲ ဝင်လာရပါသလဲ ။ ကိုယ်ကရော ဘာဖြစ်လို့ ဒီအခန်းထဲရောက်နေရတာလဲ ။ ဒါက ရိပေါ်ရဲ့ အခန်းလား ?
မေးခွန်းတွေက သူ့ခေါင်းထဲကို အနှေးနဲ့အမြန်ရောက်လာသည်။
ရှပ်အဖြူရောင်ဝတ်ထားတဲ့ ရိပေါ်ကတော့ အပြုံးတွေနှင့်။ ကုတင်ပေါ်ကို ဘေးတစ်စောင်းလာထိုင်သည်။
ရှောင်းကျန့်က ငေးကြည့်နေရင်းမှ ပါးစပ်က အာစေးမိထားသလို ဖြစ်နေသည်။ ရိပေါ်ရဲ့ အပြုံးတွေက ခါတိုင်းလိုဖြူစင်မနေပါ။
မတွေ့တာကြာတဲ့ လေးငါးလအတွင်းမှာ ဆံပင်တွေက တော်တော်လေးကိုရှည်နေပြီ။ ဂုတ်ထောက်နေတဲ့ ဆံပင်ရှည်တွေကို တစ်ဝက်စုစည်းထားကာ တစ်ဝက်ကိုတော့ ချထားလေသည်။
" ကိုကို နိုးပြီလားဟင် "
ရိပေါ်ရဲ့ အသံမှာ နူးညံ့မှုတွေပျော်ဝင်နေသည်။ သူသိတဲ့ ရိပေါ်က ဒီလိုကောင်လေးမဟုတ်ကြောင်း ရှောင်းကျန့်က တန်းသိသည်။ အကြည့်တွေ အပြုံးတွေက ခါတိုင်းလို ရိုးသားမနေပဲ။
ESTÁS LEYENDO
Remarrying Former Husband (Zhanyi)
FanficYou are so important to me. This is probably a bad time but marry me again? A/N : This story is from my imagination . This is just a fan fiction that has nothing to do with reality.Please don't take this serious. This is a mpreg story. If you don't...