Ep - 26

10.5K 447 135
                                    

(Unicode)

ရှောင်းကျန့်က ကားပေါ်မှာ အိပ်ပျော်နေတဲ့ ရိပေါ်ကို ကြည့်ပြီး ပြုံးလိုက်သည်။ သောက်မယ့်ရေထဲ အိပ်ဆေးထည့်ပြီးခေါ်လာတာဖြစ်သည်။

သွားနေတဲ့နေရာကလည်း ရိပေါ်နဲ့လက်ထပ်ပြီးရင် နေဖို့ဆိုပြီး ဆောက်ထားတဲ့ အိမ်အသစ်ဆီကိုပင်။

လက်ထပ်ရအောင်လို့ပြောပေမယ့် ရိပေါ်က အချိန်ဆွဲနေတာကို စိတ်မရှည်လို့ ကားတင်ပြေးလိုက်တာဖြစ်၏။

ရိပေါ်သာ သတိရလာရင် ဘယ်လိုတုန့်ပြန်မလဲဆိုတာ သိချင်လှသည်။

အိပ်ခန်းထဲသို့ပွေ့သွားကာ အိပ်ယာပေါ်ချပေးလိုက်သည်။ ရိပေါ်က အေးအေးချမ်းချမ်းအိပ်ပျော်နေသည်။ ဒါပေမယ့် သတိရလာရင်ရော ဒီလိုအေးအေးချမ်းချမ်းဖြစ်နိုင်ပါဦးမလား။

ဒေါသထွက်ပြီးများပေါက်ကွဲလေမလား။စိတ်ကော ဆိုးဦးမှာလား။

ဘယ်လိုများဖြစ်မှာပါလိမ့်။ ရှောင်းကျန့်က အတွေးနဲ့ပုံဖော်နေရင်း ရယ်နေလိုက်သည်။ ရိပေါ်ရဲ့ ပါးကို ခပ်ဖွဖွညှစ်လိုက်၏။ အိပ်နေတဲ့ ကောင်လေးကတော့ ဘာမှမသိရှာ။

သူတို့က လက်ထပ်ပြီးသားဖြစ်တဲ့အတွက် ဘာမှလုပ်စရာလိုပါ။ လုပ်စရာလိုတာ လက်ထပ်ပွဲပင်ဖြစ်၏။
ဟန်းနီးမွန်းလည်းထွက်ရဦးမည်။ သမီးလေးကိုတော့ သူ့အဖိုးအဖွားလက်ထဲအပ်ခဲ့မည်ပေါ့။

ဒီည ဒီမှာ အိပ်မှာဖြစ်လို့ အောက်ထပ်ဆင်းလာပြီး အလုပ်သမားတစ်ချို့ကို ညစာပြင်ထားခိုင်းလိုက်သည်။

သမီးလေးကိုတော့ ဒရိုင်ဘာလီကိုပဲကြိုခိုင်းထားလိုက်၏ ။ တကယ်က သမီးကို ရိပေါ်က ကြိုဖို့ရာ မကြိုခင် ခိုးပြေးခဲ့တာဖြစ်၏။

သမီးလေးကိုတော့ စိတ်ထဲမှာကြိုတောင်းပန်ထားလိုက်ပါသည်။ ဒယ့်ဒီ့ကိုခွင့်လွှတ်ပါလို့။ နောက်နေ့ကျရင် သမီးကို ဒယ်ဒီရော ပါပါးရော လာကြိုမှာပါလို့။

ရိပေါ်သတိရလာတော့ သူ့အခန်းမဟုတ်မှန်းသိသည်။ သူ့အိမ်ဆိုပိုဝေးပါလေစွ။ ရှောင်းကျန့် ရဲ့ ကွန်ဒို မဟုတ်မှန်းလည်း သိလိုက်သည်။

Remarrying Former Husband (Zhanyi)Donde viven las historias. Descúbrelo ahora