ZAWGYI
"မင်း လာပြီလား"
"အင်း ငါဒီမှာလိုအပ်တာတွေထားခဲ့မယ် နို့ဘူးလည်းလုပ်ပြီးသွားပြီ။လိုအပ်ရင် ငါကိုဖုန်းဆက်လှမ်းခေါ်လိုက်သိပြီလား"
"အေးပါကွာ မင်းကိုကြည့်ရတာတကယ့်ကလေးအဖေကျနေတာပဲ။ငါသိပါတယ်ကွ တကယ်လို့ငါအရေးကြီးရင် မင်းကိုခေါ်လိုက်မယ်။နဖူးကချွေးတွေလည်း သုတ်လိုက်ဦး"
"အဟီး ငါနည်းနည်းလောသွားလို့။ဒါဆိုငါသွားတော့မယ် ကလေးကိုသေချာကြည့်ပေးအုံး"
"သိပါတယ်ကွာ သွားတော့"
သူအောင်မင်းကိုမှာတမ်းခြွေနေသည်မှာ မပြီးတော့တာကြောင့်အောင်မင်းတော့ တော်တော်အမြင်ကပ်နေလောက်သည်။အမှန်တိုင်းဆိုရင် သူဒီကလေးကိုထားခဲ့ရမှာသိပ်စိတ်မချပေ။သို့ပေမယ့် ကျောင်းတစ်ဖက်နဲ့မို့ထားခဲ့ရသည်။
"အင့် အင့်"
ရောင်ခြည်ဓံထွက်သွားတော့မှ အနှီးထုတ်လေးထဲကအိပ်ပျော်နေတဲ့ကလေးလေးက အနည်းငယ်လှုပ်လာသည်။
"…ကျွတ်…ပြန်အိပ် ကလေး ကျွတ်…ကျွတ်"
……………………………
ရောင်ခြည်ဓံကလေးကိုလုပ်ပေးနေရသည်နှင့် ကျောင်းတောင်နောက်ကျနေပြီဖြစ်သည်။နောက်ရက်တွေတော့ နောက်ကျလို့မဖြစ်ပေ။လကုန်ရင်စာမေးပွဲဖြေရတော့မည်။သူကEnglishမေဂျာယူထားပြီး ဒန်းနှင့်တစ်တန်းထဲပင်။
"ချယ် ဝင်ခွင့်ပြုပါခဗျ"
"ဝင်ခဲ့"
"ဟုတ်"
သူအတန်းထဲဝင်လာတော့ အလယ်တန်းကခုံမှာထိုင်တဲ့ဒန်းက သူ့ကိုတစ်ချက်သာကြည့်ပြီးချက်ချင်း အကြည့်လွှဲသွားသည်။သူကဒန်းရဲ့အနောက်ဘက်ခုံမှာထိုင်တာကြောင့် ထိုနေရာသို့သွားထိုင်လိုက်သည်။
"ရောင်ခြည်ဓံ မင်းဘာလို့မနေ့ကမလာတာလဲ တစ်ခါမှလည်းမပျက်ဖူးဘူး"
"ဟို……ကျွန်တော်မနေ့ကခေါင်းနည်းနည်းမူးနေလို့ မလာနိုင်တာပါ"
"ခွင့်လည်းမတိုင်ဘူး"
"ကျွန်တော် မေ့သွားလို့ပါချယ်"
BẠN ĐANG ĐỌC
You Are My Greatest (SURPRISED GIFTS)
ChickLitThis story is my own creation. ငါ့ကိုထိရင်ခံနိုင်ပေမယ့် ငါဘဝရဲ့တန်ဖိုးအထားရဆုံးအရာတွေကိုထိရင်တော့ ငါဘယ်သူ့ကိုမှအာမမခံနိုင်ဘူး။ *ရောင်ခြည်ဓံ* ကိုယ့်ဘဝထဲကိုဝင်ရောက်လာတဲ့ ကိုယ့်အစိတ်အပိုင်းလေးတွေကို ကိုအကောင်းဆုံးသောနွေးထွေးလုံခြုံမှုပေးချင်တယ်။ *ဇောင်း...