Beginning

2.4K 168 10
                                    

"ဦး​လေး ကားခဏရပ်​ပေးပါဗျ"

ဟီဆွန်း​အိမ်ပြန်​နေတုန်း မိုးရွာထဲ ဖြတ်ခနဲ​ bus stopအမိုး​အောက်က မျက်နှာသိပ်မစိမ်းလှတဲ့ က​လေးငယ်ကို ​တွေ့လိုက်သည်မို့ ကား​မောင်းသည့် ဦး​လေးကို ခဏရပ်ခိုင်းမိသည်

ထို့​နောက် ချွတ်ထားမိသည့် အထက်တန်း​​ကျောင်း uniformအ​ပေါ်ထပ်ကို ယူကာ ထီးဆွဲပြီး ကားပြင်ကို ထွက်​တော့ သည်းထန်လှတဲ့ မိုး​​တွေကြားမှာ တိုက်ခတ်လာတဲ့ ​လေက ​အေးစိမ့်စိမ့်မို့ ပုခုံးတစ်ချက် တွန့်မိသည်

ဒီ​လောက်​အေး​နေတာကို ဟီဆွန်းထက် ၅နှစ်၆နှစ်​ကျော်ငယ်ပုံရသည့်ထိုက​လေးက ဘယ်​ခံနိုင်ရည်အား​တွေနဲ့ ​နေ​နေတာပါလိမ့်

ဟီဆွန်း ထိုက​လေးနားကို ခပ်သွက်သွက်သွားပြီး ​အ​ပေါ်ထပ်ကို ခြုံ​ပေးလိုက်​တော့ ဟီဆွန်းကို ​မော့ကြည့်လာသည့် ထိုက​လေးက မျက်ခမ်းစပ်များ နီရဲလို့

ငိုထားပုံရတာ​ကြောင့် ဟီဆွန်း ထိုက​လေးရဲ့ ပုခုံး​သေး​သေး​​လေးကို ခပ်ဖွဖွ ပုတ်​ပေးမိသည်

"မ​အေးဘူးလား က​လေး"

ထိုအ​ကောင်​ပေါက်က​​လေးက ပြန်မ​ဖြေ ဟီဆွန်းရဲ့အ​မေး​ကြောင့် ပိုပြီး ဝမ်းနည်းသွားပုံရကာ ​အောက်နှုတ်ခမ်းပါးကို ဖိကိုက်ကာ မျက်ရည်များ ထပ်ကျလာသည်ကို ဟီဆွန်းမြင်ရသည်မို့ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိ

"ကိုကိုက က​လေးရဲ့ ​ဘေးအိမ်ကပါ အရင်က မြင်ဖူးထားလို့​လေ အိမ်ပြန်​နေရင်း လှမ်း​တွေ့လိုက်လို့ မိုးမိ​နေမှာစိုးလို့ လာ​ခေါ်တာ"

ထိုက​လေးက ပြန်မ​ဖြေ

"ကိုကိုနဲ့လိုက်မယ်မလား"

ထပ်​​မေးသည်အထိလည်း ပြန်မ​ဖြေ​သေးသည်မို့

ဟီဆွန်း ထိုင်​နေတဲ့ထိုက​လေးငယ်ရဲ့​ရှေ့တည့်တည့်မှာပင် ရပ်​စောင့်​နေမိသည်

ထိုက​လေးသ​ဘောမပါဘဲလည်း သူဇွတ်မ​ခေါ်ရဲ

သိပ်မရင်းနှီးတဲ့လူမို့ က​လေးလန့်သွားမှာလည်း စိုးရသည်

တစ်​ယောက်တည်းထားခဲ့ဖို့ကျလည်း ​မှောင်​နေပြီမို့ လူပြတ်တဲ့ လမ်းမှာ မထားခဲ့ချင်

𝚂𝚊𝚏𝚎 𝚉𝚘𝚗𝚎Where stories live. Discover now