Drunk

1K 136 27
                                    

"ကဲ ဆိုပါဦး သခင်​လေးပတ်ဂျုံ​ဆောင်းရဲ့"

"ကိုကိုကလည်း"

"ဘာမှ ကိုကိုက မလည်းနဲ့ ​ကျောင်း​ပြေးပြီး ကစားကွင်း​​ရောက်သွားတဲ့ကိစ္စကို ခုရှင်း"

"အဲဒါက ​ဆောင်းဟွန်း​ခေါ်လို့ ကိုကိုရဲ့"

"မင်းတို့ကွာ မကြီးမငယ်နဲ့ ငယ်ငယ်တုန်းက gameဆိုင်ခိုးသွားတယ် ​ဟော ခုအထက်တန်း​ရောက်​​တော့ ကစားကွင်းခိုးသွားတယ်"

ဟီဆွန်း တကယ်ကို ​သွေးတက်​နေရပြီ

​ပြောင်းပြန်တလွဲ​တွေလုပ်ပြီး ၂​​ယောက်​ပေါင်း​လောင်း​ကျော်​နေတဲ့ ထို"ပတ်ညီ​နောင်"ကို ဟီဆွန်းလည်း ကြာ​လေ ထိန်းလို့ မနိုင်​လေကို ဖြစ်​နေပြီ

"ကျွန်​တော်လည်း မသွားဘူးလို့ ​​ပြောပါတယ် ကိုကိုရယ် ​ဆောင်းဟွန်းကိုက သွားချင်​နေတာ"

​ဆောင်းဟွန်းကို လွှဲချ​နေတဲ့ ဂျုံ​ဆောင်း​ကြောင့်

"​ကောင်းပြီ  ကိုကို ​ဆောင်းဟွန်းကို ခုဖုန်းဆက်​မေးကြည့်လိုက်မယ်​နော် ဘာလို့ ကစားကွင်းကို ဇွတ်​သွားချင်​နေတာလဲ သွားတာကိုလည်း တစ်​ယောက်တည်းမသွားဘူး ကိုကို့ညီ အလိမ္မာတုံး​လေးကိုပါ ဘာလို့ ​ဆွဲ​ခေါ်သွားတာလဲလို့"

​ဟီဆွန်းက ထိုသို့​ပြော​တော့ ​ဟီဆွန်း​ရှေ့က ဂျုံ​​ဆောင်းက နှဖူးက ​ချွေးကို မသိမသာ ခိုးသုတ်သည်

"ဟီး ကိုကို အဲဒါက​လေ"

"အင်း ဆိုပါဦး"

"ကျွန်​တော့်သ​​ဘောလည်းနည်းနည်းပါပါတယ်"

"နည်းနည်းပဲ​ပေါ့"

"ကိုကိုရယ် ကျွန်​တော်ငယ်ငယ်တုန်းက ကိုကိုမှ ကျွန်​တော့်ကို ပို့ဖို့ အချိန်မအားတာ"

"ငယ်ငယ်တုန်းက ကိုကိုမအားတာနဲ့ ကြီးလာ​တော့သူငယ်ချင်းကို​ခေါ်ပြီး လစ်လိုက်တယ်​​ပေါ့"

"အဲလိုဖြစ်သွားတယ် ကိုကိုရယ်"

ခပ်ချွဲချွဲအ​ပြောနဲ့တူတူ ​ဟီဆွန်း​ရှေ့မှာ ​ချွေးပျံတာ မ​ပျောက်​သေးတဲ့ဂျုံ​ဆောင်းကို ဟီဆွန်းမျက်ခုံးပင့်ကြည့်မိသည်

𝚂𝚊𝚏𝚎 𝚉𝚘𝚗𝚎Where stories live. Discover now