"ဦးလေး ကားခဏရပ်ပေးပါဗျ"
ဟီဆွန်းအိမ်ပြန်နေတုန်း မိုးရွာထဲ ဖြတ်ခနဲ bus stopအမိုးအောက်က မျက်နှာသိပ်မစိမ်းလှတဲ့ ကလေးငယ်ကို တွေ့လိုက်သည်မို့ ကားမောင်းသည့် ဦးလေးကို ခဏရပ်ခိုင်းမိသည်
ထို့နောက် ချွတ်ထားမိသည့် အထက်တန်းကျောင်း uniformအပေါ်ထပ်ကို ယူကာ ထီးဆွဲပြီး ကားပြင်ကို ထွက်တော့ သည်းထန်လှတဲ့ မိုးတွေကြားမှာ တိုက်ခတ်လာတဲ့ လေက အေးစိမ့်စိမ့်မို့ ပုခုံးတစ်ချက် တွန့်မိသည်
ဒီလောက်အေးနေတာကို ဟီဆွန်းထက် ၅နှစ်၆နှစ်ကျော်ငယ်ပုံရသည့်ထိုကလေးက ဘယ်ခံနိုင်ရည်အားတွေနဲ့ နေနေတာပါလိမ့်
ဟီဆွန်း ထိုကလေးနားကို ခပ်သွက်သွက်သွားပြီး အပေါ်ထပ်ကို ခြုံပေးလိုက်တော့ ဟီဆွန်းကို မော့ကြည့်လာသည့် ထိုကလေးက မျက်ခမ်းစပ်များ နီရဲလို့
ငိုထားပုံရတာကြောင့် ဟီဆွန်း ထိုကလေးရဲ့ ပုခုံးသေးသေးလေးကို ခပ်ဖွဖွ ပုတ်ပေးမိသည်
"မအေးဘူးလား ကလေး"
ထိုအကောင်ပေါက်ကလေးက ပြန်မဖြေ ဟီဆွန်းရဲ့အမေးကြောင့် ပိုပြီး ဝမ်းနည်းသွားပုံရကာ အောက်နှုတ်ခမ်းပါးကို ဖိကိုက်ကာ မျက်ရည်များ ထပ်ကျလာသည်ကို ဟီဆွန်းမြင်ရသည်မို့ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်းမသိ
"ကိုကိုက ကလေးရဲ့ ဘေးအိမ်ကပါ အရင်က မြင်ဖူးထားလို့လေ အိမ်ပြန်နေရင်း လှမ်းတွေ့လိုက်လို့ မိုးမိနေမှာစိုးလို့ လာခေါ်တာ"
ထိုကလေးက ပြန်မဖြေ
"ကိုကိုနဲ့လိုက်မယ်မလား"
ထပ်မေးသည်အထိလည်း ပြန်မဖြေသေးသည်မို့
ဟီဆွန်း ထိုင်နေတဲ့ထိုကလေးငယ်ရဲ့ရှေ့တည့်တည့်မှာပင် ရပ်စောင့်နေမိသည်
ထိုကလေးသဘောမပါဘဲလည်း သူဇွတ်မခေါ်ရဲ
သိပ်မရင်းနှီးတဲ့လူမို့ ကလေးလန့်သွားမှာလည်း စိုးရသည်
တစ်ယောက်တည်းထားခဲ့ဖို့ကျလည်း မှောင်နေပြီမို့ လူပြတ်တဲ့ လမ်းမှာ မထားခဲ့ချင်
YOU ARE READING
𝚂𝚊𝚏𝚎 𝚉𝚘𝚗𝚎
Fanfictionကိုကိုက မင်းအတွက် "Safe Zone"လေး ဖြစ်ပေးမယ် 𝐄𝐭𝐡𝐚𝐧 𝐱 𝐉𝐚𝐲 𝐌𝐞𝐝𝐢𝐚_𝐜𝐫𝐝