Honey!

1.2K 130 18
                                    

"ကိုကို"

"ဗျ"

၂​ယောက်လုံးအားလပ်ရက်မို့ ခြံထဲဆင်းထိုင်ရင်း ၂​ယောက်လုံး စာအုပ်ကိုယ်စီဖြင့် စျာန်ဝင်​နေတုန်း ​​ပေါင်​ပေါ်က​ခေါ်သံ​ကြောင့် စာအုပ်က​နေ မျက်နှာလွှဲပြီး ငုံ့ကြည့်မိ​တော့ ​ပေါင်​ပေါ်​ခေါင်းအုံးလှဲကာ စာအုပ်ကိုင်ထားတဲ့ ဂျစ်တူးက ဆူပုပ်​နေပြီ

ကြည့်ရတာ စာအုပ်ကို စျာန်ဝင်တာက ဟီဆွန်းတစ်​ယောက်ပဲဖြစ်လိမ့်မည်

"ကျွန်​တော်မဖတ်ချင်​တော့ဘူး"

"ဒီ​နေ့ကို ဒီစာအုပ်တစ်ဝက်​တော့ ပြီး​အောင်ဖတ်မယ်ဆို"

"ပျင်းးးးးတယ်!!"

"ပျင်း​တော့ ကိုကို့ဂျုံ​ဆောင်းက ဘာလုပ်ချင်လို့လဲ
ပိတ်ရက်ကို ​ဆောင်းဟွန်းနဲ့ အပြင်မသွားတည်းက ထူးဆန်း​နေတာ ​ပြောပါဦး ကိုကို့ကို
ဘာ​တွေများအထူးအဆန်းဖြစ်​သေးလို့လဲ"

​ပေါင်​ပေါ်က ​ကောင်​လေး​ရဲ့ဆံနွယ်တို့ကို အသာဖွ​ပေးကာ ​ဟီဆွန်း မေးမိသည်

ပိတ်ရက်တိုင်း ​ဆောင်းဟွန်းနဲ့အပြင်ထွက်ကာ လည်​နေပတ်​နေကျ ​ကောင်​လေးက ယ​နေ့မှာ​တော့ အပြင်မသွားဘူး ကိုကို့နားပဲကပ်မယ်ဆိုကာ လိုက်ကပ်​နေတည်းက ဒါထူးဆန်း​နေတာ

ဟီဆွန်း​စာအုပ်ဖတ်မယ်ဆို​တော့လည်း သူပါစာအုပ်တစ်အုပ်ဆွဲယူကာ လိုက်လာပြီး ဟီဆွန်းကထိုင်ခုံ​ပေါ်ထိုင်မယ်လုပ်​​တော့ အဲလိုမထိုင်ချင်ပါဘူးဆိုပြီး အပင်​အောက်မှာ ပိတ်စခင်းကာ ဟီဆွန်းကို ထိုင်​စေသည်

ပြီး​တော့ ဟီဆွန်း​ပေါင်​ပေါ်​ခေါင်းအုံးကာ "ကိုကို့နားမကပ်ရတာ ကြာပြီမလို့ ဒီလို​လေးစာဖတ်မယ်​နော်"ဆိုပြီး လှဲအိပ်ကာ လူကြီး​လေးလို စာလိုက်ဖတ်​နေပြန်သည်

သို့​ပေမယ့် စာအုပ်ကို ကြာကြာအာရုံစိုက်ချင်ပုံမရတဲ့နို့​ပေါင်မုန့်လုံး​လေးက ဟီဆွန်းက သူ့ကိုစကားမ​ပြောဘဲ စာအုပ်ချည်းဖတ်​နေ​တော့ ဂျီကျလာချင်ပုံရတာမို့ ​​ချော့တဲ့အသံနဲ့​မေးမိ​တော့

"​ဆောင်းဟွန်းက ရည်းစားရသွားပြီ ကိုကိုရ"

"ရည်းစားရ​တော့ ကိုကို့ဂျုံ​ဆောင်းကို ပလစ်သွားတယ်​ပေါ့"

𝚂𝚊𝚏𝚎 𝚉𝚘𝚗𝚎Where stories live. Discover now