ကိုယ်ဒီနေ့တော့ update လေးကိုမတင်ဖြစ်တော့ပါဘူး ဒီနေ့တော့ကိုယ့် reader လေးတွေရင်ဖွင့်ချင်လို့ပါ အမှန်အတိုင်းပြောရမယ်ဆိုကိုယ်က gay ပါပြောရမယ်ဆိုရင်တော့ les ပေါ့ကွာ ကိုယ်မနေ့ကအိမ်ကိုဖွင့်ပြောဖြစ်တယ်ကိုယ်ကဘာဆိုတာကိုပေါ့ သူတို့လက်ခံလိမ့်မယ်လို့လည်းအစကတည်းကမမျှော်လင့်ထားပါဘူးဒါပေမယ့်နင့်နင့်သီးသီးအပြောခံရလိမ့်မယ်လို့လည်းမမျှော်လင့်ထားတာအမှန်ပါ ကိုယ်ကိုရွံစရာလူတစ်ယောက်လိုပြောသွားလိုက်တာကိုယ့်မှာ ရှိုက်ကြီးတငင်ငိိုမိတဲ့အထိဘဲ အဖေကကိုယ့်ဘက်မှာမရှိတောင်အမေကတော့ကိုယ့်ကိုအမြဲကာကွယ်ပေးနေတာမို့ကိုယ့်ဘက်မှာအမြဲရှိနေမယ်ထင်ထားခဲ့တာ မနေ့ကအမေပြောတဲ့စကားက က်ိုယ့်ရင်ထဲမှာနင့်ကနဲဘဲ "အမေကသမီးအပေါ်မှာအျှော်လင့်ချက်တွေအများကြီးထားခဲ့တာသိတယ်မလားတဲ့ အချိန်တန်ရင်ဘွဲယူမယ် အလုပ်ကောင်းကောင်းတစ်ခုကိုရပြီး အိမ်ထောင်ရက်သားကျမယ် အမေကအမေ့မြေးလေးတွေကိုသမီးအလုပ်သွားနေတဲ့အချိန်မှာချီပိုးထိန်းကျောင်းပေးမယ် အမေမသေးခင်တော့အမေ့သမီးကိုမိသားစုစုံစုံလင်လင်နဲ့မြင်သွားချင်တာတဲ့ အခုတော့အမေ့မျှော်လင့်ချက်တွေအားလုံးကိုသမီးကတစ်မနက်တည်းနဲ့အကုန်ဖျက်ဆီးလိုက်တာတဲ့ အမေ့မှာသမီးဘဲရှိတာသ်ိရဲ့သားနဲ့တဲ့ "
အဲ့နေ့ကအမေက ကိုယ့်ကိုဆူလည်းမဆူရိုက်လည်းမရိုက်ဘဲ အမေအရမ်းငိုနေခဲ့တယ် လုပ်ရက်လေးခြင်းဆိုပြီးပြောပြောပြီးကိုငိုနေခဲ့တာ ကိုယ့်ကိုအပစ်တင်စကားတစ်ခွန်းမှပြောမလာတဲ့အမေက သူအထိန်းအကြောင်းမတက်လို့ သူညံ့လိုဆ်ိုတာကြီးဘဲပြောနေခဲ့တာ သူ့ကိုယ်သူဘဲအပစ်တင်နေခဲ့တာ တကယ်ပါ....ကိုယ့်အတွက်တော့အမေ့စကားတွေအမေ့အပြုအမူတွေက တကယ်ကိုအနုနည်းနဲ့ကိုယ့်ဘဝက်ိုသတ်လိုက်သလိုဘဲ😊
အဲ့တာကြောင့် ဒီနေ့တစ်ရက်တော့ခွင့်ပေးပါနော် ကိုယ့်စိတ်အခြေအနေကတကယ်ကို အဆင်ပြေမနေလို့ပါ 🙏
🌻sunflower 🌻
YOU ARE READING
My little bunny 🐰
Hororအဲ့အမျိုးသားလေးက ယုန်လေးနဲ့တူတယ် ချစ်ဖို့လည်းကောင်းတယ် သိပ်ချစ်ဖို့ကောင်းလွန်းလို့ကျွန်တော်အပိုင်သိမ်ထားတာကို သူကခနခနထွက်ပြေးနေတယ် ဘယ်လိုလုပ်ကြမလဲ ကျွန်တော်သူ့ခြေထောက်တွေကိုရိုက်ချိုးမှရတော့မယ်