"မေမေရယ် သားအခုလောလောဆယ် အဆင်မပြေသေးဘူးလေ"
တစ်ဖက်မှလူသည်ဘာပြန်ပြောတယ်မသိ ကောင်လေးသည် သက်ပြင်းရှည်တစ်ခုချလိုက်ကာ
"နောက်နှစ်ရက်နေရင်ထည့်ပေးလိုက်မယ်"
"နင့်စကားနင်တည်ပါစေ park Jimin"
"ဒါပဲ မေမေရာစိတ်ရှုတ်တယ်"
"ဟဲ့အကောင် နင်ကစိတ်ရှုတ်တယ်ပြောရအောင် ငါကနင့်ကိုမွေးပေးထားတဲ့အမေဟဲ့"
ဖုန်းထဲမှမေမေသည် အော်ကြီးဟစ်ကျယ်အော်ကာ မပီးစီးနိုင်သော ပြသနာများကို ထပ်ဖန်တလဲလဲတင်ပြသည်။
နားတွေပူလွန်းလှသဖြင့်ဆက်နားမထောင်တော့ပဲဖုန်းကိုချပစ်လိုက်ကာ အိပ်ရာပေါ်သို့ပစ်တင်လိုက်သည်။
ဆေးလိပ်တစ်လိပ်ကို မီးညှိကာ ရှိုက်လိုက်ရင်း ပိုက်ဆံရမယ့်နည်းလမ်းတွေကိုတွေးရပြန်သည်။ ဘယ်နှစ်ကြိမ်မှန်းမသိချမိတဲ့သက်ပြင်းတွေလဲ ခနခန။
မေမေသည် သူတို့မောင်နှမကို နည်းနည်းလေးတောင်မချစ်သလိုဂရုလဲမစိုက်ပါ။ဖေဖေရှိစဉ်အခါကလဲ အမြဲတမ်းရန်ဖြစ်နေတတ်ပီး သူတို့မောင်နှမနှစ်ယောက်မွေးဖွားလာတာကို ၀ဠ်ကြွေး တစ်ခုလို အမြဲပြောတတ်သည်။
ဖေဖေဆုံးပြန်တော့ မေမေသည် နောက်အိမ်ထောင်တစ်ခုထူထောင်ကာ အချိန်ပြည့်ထိုယောက်ကျားအပေါ်မှာပဲ စိတ်နှစ်ထားကာ သူတို့မောင်နှမနှစ်ယောက်ကို အရေးပင်မလုပ်ခဲ့။မေမေသည် သိပ်စိတ်နာစရာကောင်းခဲ့ပါသည်။
ညီမလေးကျန်းမာရေးအခြေအနေကြောင့် မေမေဆီသွားထားတဲ့အခါ ဆေးဖိုးနဲ့စားဖို့ကပါသူမကျွေးနိုင်ပါဘူးဆိုတဲ့အတွက်ကြောင့် အကိုဖြစ်တဲ့ ကျနော်က လတိုင်းပို့ပေးခဲ့ရသည်။
ညီမလေးရဲ့ ကျန်းမာရေးက တစ်ရက်ထက်တစ်ရက်ဆိုးဝါးလာတာ မို့ အရင်လို တစ်လတစ်ကြိမ်ပို့ရုံနဲ့မလုံလောက်တော့။
အနည်းဆုံးနှစ်ရက်တစ်ခါ ဆေးသွင်း ဆေးထိုးရသည်။ တစ်ရက်ဆေးဖိုးသည် တော်တော်လေး ကုန်ကျတာမို့ အရင်လိုပိုက်ဆံစုချိန်မရှိ။
"ဟင်း....!"
"ဘာတွေအဲလောက်သက်ပြင်းချနေတာလဲ Jimin"
YOU ARE READING
ချစ်သော🦋One shot (Complete)
Fanfictionအချစ်ကဘာလဲလို့မေးလာရင် Park Jiminလို့ပဲဖြေမှာပါ🦋