Jeon Jungkookရဲ့ ကမ်းလှမ်းချက်ကိုသဘောတူပီးနောက် သူခေါ်လိုက်တိုင်း သွားနေရတဲ့ဘဝသည်သိပ်မလွယ်ကူလှ။
"မင်းအားယားနေတိုင်း ငါ့ကို စွတ်စွတ်ခေါ်မနေနဲ့ "
"အားယားနေလို့ မင်းကိုခေါ်နေတယ် ထင်နေတာလား "
"ငါကတော့အဲ့လို ထင်တာပဲ"
Jiminသည် အိပ်ကပ်ထဲမှ ဆေးလိပ်ဘူးကို ထုပ်ယူလိုက်ကာ ဆေးလိပ်တစ်လိပ်ကို မီးညှိလိုက်ပီး ရှိုက်ဖွာနေလိုက်သည်။
ဆေးလိပ်နံကြောင့်ထင်သည် သူရောက်တည်းက laptopပေါ်က မျက်နှာမခွာတဲ့ CEO Jeonသည် မော့ကြည့်လာခဲ့သည်။
"ငါ့ရုံးခန်းထဲမှာ စည်းမဲ့ကမ်းမဲ့ တွေလာမလုပ်နဲ့ Park Jimin"
"ဆေးလိပ်သောက်တာ စည်းမဲ့ကမ်းမဲ့လား"
"စရိုက်တွေမှန်းသိသာလိုက်တာ"
Jeonစကားအဆံုး Jimin ရဲ့ နှုတ်ခမ်းလေးတစ်ဖက်ဟာ ကော့တက်လာခဲ့သည်။
"အဲ့စရိုက်တွေကို မင်းပဲ အရင်လာပတ်သက်တာမလား"
Jeonသည် ထိုင်နေရာမှ ချက်ချင်းထလာခဲ့ပီး Jiminနှုတ်ခမ်းပေါ်ကဆေးလိပ်ကို ယူပီးလွှင့်ပစ်လိုက်သည်။
ဒီဘဝင်ရူးကောင်ကတော့။
"ရူးနေတာလား!"
"ငါပြောရင် မင်းနားထောင်လိုက်လေ park Jimin"
"အိပ်မက် မက်နေလိုက်"
"အဲ့လို ငါပြောရင်ပြန်ပြောတတ်တဲ့မင်းနှုတ်ခမ်းတွေကို အပြစ်ပေးရမယ်"
Jeonသည် ပြောနေရင်းပင် Jiminရဲ့နှုတ်ခမ်းတွေပေါ်ဖိကပ်နမ်းရှိုက်လိုက်သည်။
တစ်ချိန်တည်းမှာပဲJiminရဲ့ခြေထောက်လေးတွေဟာလဲ jeonရဲ့ ရင်ဘတ်တွေပေါ် အရှိန်ပြင်းစွာ ကျရောက်လာခဲ့သည်။
ငြိမ်ခံနေရင် park Jiminဘယ်ဟုတ်တော့မလဲ။Jeonသည် အဆင့်အတန်းတွေ ခွဲခြားနေရင်းမှ ထိုလူသားကို အနားကိုရောက်အောင်ခေါ်ထားပြန်သည်။ ရွံတယ်လို့ အချိန်ပြည့်ပြောနေပီး ထိုလူသားရဲ့ နှုတ်ခမ်းတွေကို နမ်းရှိုက်နေပြန်သည်။နားလည်ရခက်လိုက်တာများ။
_____
"မနေ့က ဘာလို့ အိပ်ပြန်မလာတာလဲ Jimin
မင်းဘဲကြီးခေါ်ထားလို့လား"
YOU ARE READING
ချစ်သော🦋One shot (Complete)
Fanfictionအချစ်ကဘာလဲလို့မေးလာရင် Park Jiminလို့ပဲဖြေမှာပါ🦋