အချပ်ပို🦋☘️

1.7K 211 11
                                    

ကမ်းခြေအတွင်း ပြေးလွှားဆော့ကစားနေကြတဲ့လူတွေ စက်ဘီး‌စီးနေကြတဲ့လူတွေရယ် ပျော်ပျော်ရွင်ရွှင် သွားလာလှုပ်ရှားနေသူများပြားကာ စည်စည်ကားကား။

ထို့ကမ်းခြေနှင့်မလှမ်းမကမ်းတွင် magicshop coffeeဆိုင်လေးတစ်ခုရှိကာ ဆိုင်လေးသည် စားသုံးသူများ နှင့်စည်စည်ကားကားရှိကြသည်။

ထိုဆိုင်လေးတွင်လာရောက် စားသုံးသူအများဆုံးကကျောင်းသူလေးများဖြစ်ကြကာ ဆိုင်ပိုင်ရှင်လေးကို လာရောက်ပိုးပန်းကြသည်ဆိုလျှင်ပိုမှန်ပေလိမ့်မည်။

"ချောလိုက်တာဟယ်"

"ဟုတ်ပနော် တစ်နေကုန်ထိုင်ကြည့်နေချင်စရာလေး"

"ရည်းစားကိုလမ်းခွဲပီး ဆိုင်ပိုင်ရှင်အကိုကြီးနဲ့ပဲတွဲလိုက်တော့မယ်"

ကျောင်းသူလေးတစ်ချို့သည် ကောင်တာမှ ဆိုင်ပိုင်ရှင်လေးအား လှမ်းကြည့်နေကြကာ ပြောနေကြခြင်းဖြစ်သည်။

ဆိုင်ပိုင်ရှင်လေးသည် ဒါတွေက အမြဲတမ်းကြားနေကျစကားတွေဖြစ်တာမို့ မကြားချင်ယောင်သာဆောင်ထားပီး လုပ်စရာရှိတာသာဆက်လုပ်နေလိုက်သည်။

"ဆိုင်ပိုင်ရှင်အကိုကြီးက နင့်ကိုကြိုက်မှာဆိုတော့လေ"

"သူမကြိုက်လဲ ငါကြိုက်တယ်လေ အရေးကြီးတာ ငါကြိုက်ဖို့ပဲ"

"ကြည့်ပါဦးနှုတ်ခမ်းလေးက ဖူးဖူးလေး ကိုက်ဆွဲချင်စရာ"

"ငါကတော့ဆိုင်ပိုင်ရှင်ထက် ဟိုဆံပင်ကောက်ကောက်နဲ့ကောင်လေးကိုသဘောကျတယ်"

"ငါကတော့ ဆိုင်ပိုင်ရှင်ရဲ့ရည်းစားကိုပိုကြိုက်တယ်"

"Jiminမှာ ရည်းစားမရှိပါဘူးနော်"

ထယ်သည် ထိုစားပွဲဝိုင်းသို့ ကိတ်လေးတစ်ခုလာချကာ ထိုစကားအား ဆိုလေသည်။

ချွင်!..ချွင်!..ချွင်!...

တံခါးမှ ချိတ်ဆွဲထားသော ခေါင်းလောင်းလေးသည် မြည်လာခဲ့ပီး တံခါးဝသို့လှည့်ကြည့်လိုက်သောအခါ ဝင်လာသောသူသည် Jeon။

"ဟဲ့ ဆိုင်ပိုင်ရှင်ရည်းစားလာပီ"

ထယ်သည် ကိတ်ပန်းကန်လေးအားဆောင့်ချခဲ့ကာ ထိုစားပွဲမှ ကျောင်းသူလေးတွေအား မျက်စောင်းလေးတစ်ခု ထိုးကာ ထွက်သွားလေသည်။

ချစ်သော🦋One shot (Complete)Where stories live. Discover now