Unicode
“ ကော .. မင်း ထပ်ပြီး .. အတွေးတွေ တခြားရောက်နေပြန်ပြီ .. ”
“ . . . ”
နိုဝင်ဘာရဲ့ ဝေလီဝေလင်းမနက်ခင်းဖြစ်တယ် .. ။ ဆောင်းရာသီ အငွေ့အသက်အပြည့်နဲ့ ချမ်းစိမ့်စိမ့် လေအေးတစ်သုတ်က အိမ်ငယ်လေးထဲအထိ ဝေ့ဝဲတိုက်ခတ်လာတယ် .. ။
ပါးပြင်ပေါ်အုပ်ကိုင်လာတဲ့ ခပ်ကြီးကြီးလက်ဖဝါးပြင်ရဲ့ အထိအတွေ့မှာ .. ငယ်ဘဝဆီခရီးနှင်နေတဲ့ အသိစိတ်တွေ လက်ရှိအချိန်ဆီ ပြန်လည်ရောက်ရှိတယ် .. ။
ကော့ညွတ်နေတဲ့ မျက်တောင်ရှည်တွေ တဖျတ်ဖျတ်ခတ်လိုက်တဲ့အခါ .. ကြည်လဲ့လဲ့ မျက်ရည်ဥတို့က မျက်ခမ်းထောင့်စပ်ကနေ စီးကျသွားတယ် .. ။ အလိုမကျဟန် မျက်ခုံးနှစ်သွယ်ကို ယောင်ယောင်လေးတွန့်ချိုးထားတဲ့ လူငယ်လေးရဲ့ မျက်နှာကျကတော့ .. ငွေ့ရည်ဖွဲ့မျက်ဝန်းအိမ်ထဲ ပုံရိပ်ထင်ဟပ်နေခဲ့ပါတယ် .. ။
“ ငါ့ကိုပဲ ကြည့်ပါ ..
အတိတ်ကိုလည်း ပြန်မတွေးနဲ့ .. အနာဂတ်ကိုလည်း ကြိုမဆွေးနဲ့ .. ဒီအတိုင်း ငါ့ကိုပဲ ကြည့်နေပေး .. ဟုတ်လား .. ”“ . . . ”
လူငယ်လေးရဲ့လေသံက နှစ်သိမ့်ချော့မြှူလိုဟန် နူးနူးညံ့ညံ့ကလေးရယ် .. ။
ဒီလိုမျိုးနဲ့ စိတ်နှလုံးအေးချမ်းစေချင်မိသူဟာ အသက်သုံးဆယ့်ငါးနှစ်အရွယ် အမျိုးသားတစ်ယောက်ကို ရည်ရွယ်တာပါဆိုရင် .. အံ့ဩသွားကြမယ်ထင်တယ် .. ။
“ ကော .. ငါ့ကိုကြည့်ဆို .. ”
လူငယ်လေးက .. သူ့ခန္ဓာကိုယ်အောက် ဖိကပ်ထားဆဲဖြစ်တဲ့ နောက်ထပ် နှုတ်ဆိတ်လွန်းသူအမျိုးသားရဲ့ နဖူးစွန်းဆီက ဆံစနုနုတွေကို အသာလေးသပ်တင်ပေးတယ် .. ။
နောက် .. ချိုင်းအောက်ဘက်ဆီ လက်နှစ်ဖက်လျှိုဝင်လို့ ကျောပြင်ငယ်ကို အသာထိန်းပွေ့ရင်း ခပ်ဖြည်းဖြည်းထူမတယ် .. ။ ကိုယ်တိုင်လည်း ကိုယ်နေဟန်ထားကို ပြောင်းလိုက်ပြီး ပွေ့ဖက်ထားသူကိုတော့ ကိုယ်တိုင်ရဲ့ပေါင်ရင်းထက် နေရာချပေးတယ် .. ။ ဆက်တိုက်သော နေရာပြောင်းလဲပြင်ဆင်မှုမှာ .. မာကျောတောင့်တင်းနေဆဲ ထိုအရာကိုလည်း နူးညံ့စွတ်စိုနေတဲ့ ခိုလှုံရာအတွင်း ဂရုတစိုက်ထည့်သွင်းလေဖို့ မမေ့မလျော့နဲ့ .. ။
![](https://img.wattpad.com/cover/310761376-288-k821836.jpg)
YOU ARE READING
NEVAEH
Fanficအဆိပ်သင့်ချစ်ခြင်းတရားတို့ မှီတည်ရာ သူဟာငါ့ရဲ့ တစ်ခုတည်းသော ကောင်းကင်ဘုံငယ်မျှသာ.. ။