▪️4

492 51 44
                                    


Unicode


“ ပါး .. ရီပို့ကတ်ရလာပြီ !! ”

“ . .. ”

ကျောင်းကနေ အပြေးပြန်လာတဲ့ငါက အမောတကော ဟောဟဲလိုက်လို့ .. ။ ညာဘက်လက်ထဲမှာလည်း စုလောင်ရှီးပေးလိုက်တဲ့ ရီပို့ကတ်ကလေးကို ဆုပ်ကိုင်ဝှေ့ယမ်းလို့ .. ။

အိမ်ရှေ့လှေကားခုံမှာ ဖိနပ်ကို ပြီးစလွယ်ချွတ်ပစ်ပြီး .. အိမ်ခန်းထဲကို အော်ကျယ်ကျယ်ပြေးဝင်တယ် .. ။ အဖြူရောင်ဖြစ်ခဲ့ဖူးမှန်း မခန့်မှန်းနိုင်တော့လောက်အောင် ညစ်ထေးနေတဲ့ ကင်းဘတ်ဖိနပ်လေးကတော့ ဘယ်တစ်ဖက်ညာတစ်ဖက် လွင့်ပျံထွက်လို့ရယ် .. ။

ဒါမဲ့ .. ငါ့အဖေကတော့ ငါ့ကို လှည့်ကြည့်မလာဘူး .. ။ ငါ့ညီလေးကို အသာပွေ့ထားရင်း ငါ့ဘက်ကို နောက်ကျောပေးထားရက်အတိုင်း တရွှီရွှီလုပ်နေတာ .. ။


“ ပါး !! ”

“ တိုးတိုးနေစမ်း .. ”

“ မားကို ခေါ်ဘူး .. ပါးကိုပဲ ခေါ်နေတာ .. ”

“ . . . ”


ငါ့ရဲ့ မချေမငံအပြောမှာ ငါ့အမေက ခပ်စူးစူးစိုက်ကြည့်လာတယ် .. ။

ငါကတော့ ဇက်ကလေးပုဝင်ပြီး ငါ့အဖေဘေးနား ပြေးကပ်လိုက်တာပဲ .. ။ လက်ထဲက ရီပို့ကတ်ကို ငါ့အဖေဆီ ထိုးပေးလိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့ .. ။

ဒါမဲ့ ငါ့အဖေက လက်နှစ်ဖက်လုံး မအားနေဘူး .. ။ ဖင်ပြောင်ပြောင်နဲ့ ငါ့ညီလေးကို သေချာထိန်းကိုင်ပြီး တရွှီရွှီလုပ်နေတာ .. ။ ဒါကြောင့်လည်း ငါဒီလောက်အကျယ်ကြီး အော်ခေါ်နေတာကိုတောင် ပြန်မထူးနိုင်တာ .. ။

“ ရှူရှူးတွေ .. ဟိ .. ”

ငြိမ်ငြိမ်လေးရှူးပန်းနေတဲ့ ငါ့ညီလေးရဲပုံစံကြောင့် ဟိခနဲ သဘောတကျရယ်မိပြီးမှ .. ငါ့အမေဘက် အကဲခတ်သလို မြန်မြန်လေး မျက်လုံးဝေ့ကြည့်လိုက်ရတယ် .. ။

ထူးထူးဆန်းဆန်း .. သူ့သားကို ငါ့အဖေလက်ထဲ ထည့်ထားလို့လေ .. ။


“ ကြည့်ရအောင် ..
ဒီလရော အဆင့်ဘယ်လောက်ရတုန်း .. ”

NEVAEHWhere stories live. Discover now