1

165 19 0
                                    

အဲ့ဒီ့တစ်ယောက်ပေါ့ Australia က ပြောင်းလာတာတဲ့။

ဘေးဘီကနေ ဝေ့ဝိုက်လာတဲ့ တီးတိုးစကားသံတွေကို လျစ်လျူရှုရင်း ဂျယ်ယွန်းတစ်ယောက် ဆောင်းထားတဲ့ ဦးထုပ်ကို ပိုငိုက်သည်ထက် ငိုက်ကျအောင် ဆွဲချလိုက်ကာ ဓာတ်လှေကားထဲ ဝင်ဖို့ပြင်လိုက်မိသည်။

အင့်ခနဲ့ မြည်သံနဲ့အတူ လူကလည်း ဓာတ်လှေကားထဲ ဘရိတ်မပါဘဲရောက်သွားကာ ဦးထုပ်ရဲ့ လျှာကသာ မထိန်းထားပါက မျက်နှာနှင့် ဓာတ်လှေကားနံရံ မိတ်ဆက်မည်မှာ မလွဲ။

ဘယ်ကောင်လဲဆိုတဲ့ စိတ်နဲ့အတူ ဒေါသထောင်းခနဲ ထွက်လာတာကြောင့် ပျက်သွားသည့် ဟန်ချက်ကို ပြန်ထိန်းကာ မော့ကြည့်လိုက်မိသည်။

အရပ်ချင်းသိပ်မကွာဘူးဆိုပေမယ့် ဂျယ်ယွန်း ရပ်နေသည့်အနေအထားက ခပ်ယိုင်ယိုင်ဖြစ်နေတာကြောင့် ထိုသူ့ပုံစံက သူ့အား ငုံ့မိုးကြည့်နေသလိုလို။

ဘာကြည့်တာလဲဆိုတဲ့ မျက်နှာပေးနဲ့ ခပ်တည်တည်ပြန်ကြည့်ပေးလိုက်မှ

"ဆောရီး ကျနော် နည်းနည်းနောက်ကျနေလို့ အလျင်စလိုဖြစ်သွားတာပါ။ အဲ့ဒီ့ဘက်က ဘယ်နားများ ထိခိုက်သွားသေးလဲဗျ"

သေချာကြည့်မှ ထိုသူ့ကြည့်ရသည်မှာ သူနှင့်  အသက်ချင်းပင် မတိမ်းမယိမ်းဖြစ်ဟန်ပုံပေါ်နေလေသည်။ တစ်ဖက်လူဆီမှ ယဥ်ယဥ်ကျေးကျေး တောင်းပန်စကားဆိုလာတာကြောင့် သူ့ အနေနဲ့ ပြဿနာရှာစရာ လမ်းစ ရှာမတွေ့တော့ပေ။

ဒီအတွက် သူ့မူပိုင်ပုံစံအတိုင်း

"ဟုတ်ကဲ့ ရပါတယ်။ ကိစ္စမရှိပါဘူး"

တိုတိုပြတ်ပြတ်ဖြေလိုက်တဲ့ သူ့အဖြေကြောင့် ထိုလူက အံ့ဩသွားပုံပေါ်ပေမယ့် တစ်ခဏမျှသာ စဖစ်လေသည်။

"ဒါနဲ့ ဘယ်အထပ်ကို သွားမှာလဲဗျ"

ဓာတ်လှေကားနှိပ်သည့် ခလုတ်နားမှာ ရပ်နေတဲ့ထိုသူ့ဆီက အမေးစကားကြောင့်

"၉ထပ်မြောက်"

ပြောပြီးသွားသည်နှင့် ခေါင်းပြန်ငုံ့သွားကာ ဦးထုပ်ကို ထပ်ပြီးဆွဲချနေတဲ့ ကောင်လေးကြောင့် ဆောင်ဟွန်းတစ်ယောက် ပြုံးမိသွားသည်။

AlwaysWhere stories live. Discover now