"Sunghoon Hyung... Sunghoon Hyung က
Jake Hyung နဲ့ ရင်းနှီးတယ် မဟုတ်လား""အင်း"
စားပြီးတဲ့ ပန်းကန်တွေကို ဆေးကြောနေတုန်း အနောက်နားက မေးလာတဲ့ Training ညီငယ်လေးကြောင့် Sunghoon တစ်ယောက် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားရတော့သည်။
Jake အကြောင်းမေးလာခါမှ ယနေ့နဲ့ဆို Jake တစ်ယောက် Ground ရောက်သွားသည်မှာ တစ်ရက်တင်းတင်းပြည့်သွားပြီဖြစ်သည်။ သူ့မျက်စိရှေ့မဟုတ်တဲ့ Ground မှာ Jake တစ်ယောက် အဆင်ပြေမှ ပြေပါ့မလား?
" အရင်ကတည်းက ရင်းနှီးတာတာလားဟင်"
လှည့်ကြည့်လိုက်တော့ ILand စစချင်းတုန်းက Jake နဲ့အတူတူ စင်ပေါ်တက်ခဲ့သည့် Sunoo ဆိုတဲ့ကောင်လေး။
"Jake က ချစ်ဖို့ကောင်းတယ်"
သွားပြီ... မထင်မှတ်ဘဲ စိတ်ထဲမှာ ပြောနေသည့်စကားက အပြင်ထွက်သွားပုံရသည်။ Sunoo များ တစ်ခုခု ထင်သွားတော့မှာလား မသိ။
"ကျနော်က ပိုပြီး ချစ်ဖို့ကောင်းမှာပါနော်..."
သူပြောသည့်စကားဆုံးဆုံးချင်း ခပ်ဆူဆူလေးပြောလာတဲ့ Sunoo ကြောင့် သူ ဘာဆက်ပြောရမယ်မှန်းမသိတော့ဘဲ ရယ်သာ ရယ်နေလိုက်မိတော့သည်။ လူကြီးရှက်တော့ရယ် ဆိုတာ ဒါမျိုးထင်ပါ့။
................................................................................................................................
"Ground မှာက ဒါမျိုး Service တွေ မြင်ကို မမြင်ဘူးခဲ့ဘူးရယ် ဟိုမှာက Tablet ဆိုလည်း တစ်လုံးတည်းရှိတာ ကျနော်တို့အားလုံး လေ့ကျင့်ဖို့ကို မနည်းလေ"
Trainee အချင်းချင်း အတွေ့အကြုံတွေကို ဝေမျှသည့်စကားဝိုင်းထဲ မပါဝင်ပေမယ့် ဘေးနားမှာ နားထောင်ဖြစ်နေတာကြောင့် Ground နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေက နားထဲ အလိုလိုဝင်ရောက်လာတော့သည်။
"Jake တစ်ယောက် အဆင်ပြေပါ့မလား"
ရုတ်တရက်ကြီး ပြောလိုက်တဲ့သူ့စကားကြောင့် အားလုံးက လှည့်ကြည့်လာတာကြောင့်
"Jake. Jay နဲ့ Nicholas တို့ ဘယ်လိုလုပ်မလဲ"
"ကိစ္စတော့ သိပ်မရှိပါဘူး Jay Hyung တို့က တော်ပြီးသားပဲကို ပြန်ရောက်လာမှာပါ"
YOU ARE READING
Always
Fanfictionထာဝရဆိုတာထက္ မင်းအနားမွာ အၿမဲတမ္းအတြက္... ထာဝရဆိုတာထက် မင်းအနားမှာ အမြဲတမ်းအတွက်...