2

77 16 0
                                    

တစ်ဦးချင်းစီ သီးသန့် Casting ထပ်ခေါ်မည့်အစီအစဥ်ရှိတာကြောင့် ဒီရက်ပိုင်း Training မှာသာ သူ့ရဲ့ စိတ်အာရုံကို အလုံးစုံ ပုံထားလိုက်မိတော့သည်။

ဒီသီချင်းမကြိုက်ဘူး။ ဒီသီချင်းနဲ့မလိုက်ဘူး။ ဒါက ကကွက်အများကြီးထည့်လို့မရဘူး။ ဒါက အကနဲ့အဆိုတစ်ပြိုင်တည်းလုပ်ဖို့ အဆင်မပြေနိုင်ဘူး စတဲ့စတဲ့ စိတ်ရှုပ်စရာအကြောင်းအရာတွေ

ဒီတစ်ခါ Casting မှာသာ မပါခဲ့ရင် Debut ဆိုတဲ့ အိမ်မက်ကို မက်ဖို့မဆိုထားနဲ့ Trainee အနေနဲ့ ဆက်ရှိဖို့ပင်မသေချာတော့တာကြောင့် သူ့အနေနဲ့ စိတ်ရောကိုယ်ပါ အစွမ်းကုန် အားထုတ်နေမိတော့သည်။

အကလေ့ကျင့်လိုက် နားရတဲ့အချိန် Vocal အတွက် အချိန်ပေးလိုက်နဲ့ တစ်ချိန်လုံးမအားရှိနေပေမယ့် တစ်ချက်တစ်ချက် အတွေးထဲရောက်လာတဲ့ ထိုနေ့ကပုံရိပ်လေးကြောင့် အခုချိန်အထိ သူ့နှုတ်ခမ်းထက် ခပ်ရေးရေးပြုံးနိုင်နေသေးလေသည်။

ကံကောင်းရင် ဒါကလေး ထိုကောင်လေးနဲ့ ထပ်တွေ့ဖို့ အခွင့်အရေးဖြစ်နိုင်သေးသည်လေ။

Entertainment တစ်ခုတည်းဆိုပေမယ့် ကိုယ့်နေရာမှာကိုယ်သာနေပြီး လေ့ကျင့်ရေးကိုသာ အာရုံစိုက်နေရသည့် သူအတွက် Casting ခေါ်သည့်ပွဲကသာ တစ်ခါတည်းသော မျှော်လင့်ချက်ပင် မဟုတ်လား?

................................................................................................................................

မနက်စောစောကတည်းက ရိုက်ကူးရေးစတာဖြစ်ပေမယ့် ဂျယ်ယွန်း တစ် ယောက် အခုထိ စိတ်လှုပ်ရှားမှုမပြေသေးပေ။

အဆင်ပြေပါ့မလား? ဖြစ်မှ ဖြစ်ပါ့မလား? ဆိုတဲ့ စိတ်က သူ့ခေါင်းထဲမှာ တစ်ချိန်လုံးစိုးမိုးနေလေတော့သည်။ တော်သေးသည်က အတူတွဲပေးထားသည့်အဖော်တွေက အားပေးနေတာကြောင့်ပင်။

ပုံမှန်ဆို တခြားသူတွေနှင့်ကွဲထွက်ကာ သီးသန့်နေတတ်သည့်သူ့ကို Staff တွေက သတိထားမိသွားပုံပေါ်သည်။ အဖွဲ့ထဲမှာ Active အဖြစ်ဆုံးဖြစ်သည့် Sunoo နှင့် တွဲပေးထားသည်ပဲ ကြည့်။

"Jake Hyung အဲ့လောက်အထိ စိတ်လှုပ်ရှားမနေနဲ့လေဗျာ ကျနော်တို့ အစွမ်းကုန်လေ့ကျင့်ထားတာပဲ အဆင်ပြေသွားမှာပါဗျာ"

AlwaysWhere stories live. Discover now