အပိုင်း(၁)
မိုးကုန်လို့ဆောင်းဝင်စ အချိန်မို့ ပြတင်းပေါက်ကို
ဖွင့်လိုက်သည်နှင့် အေးစိမ့်စိမ့်လေညှင်းများက မဖိတ်ခေါ်ပါပဲအခန်းထဲသို့ရောက်ရှိလာသည်။မျက်နှာပေါ်ဖြတ်ပြေးသွားတဲ့ လေညှင်းတွေကသူ့ကို ဘာပြောသွားလဲတော့မသိပါ။သူ၏နှုတ်ခမ်းထက် ပြုံးရောင်သန်းသွားလေသည်။အပြုံးများနှင့် မျက်စိတစ်ဆုံးကြည့်လိုက်တော့
ဆောင်းနှင်းစက်မူန်လေးတွေနဲ့ လှရက်နေပါသည့် သူ၏ခြံဝန်းလေး။ စိမ်းစိုစိုအပင်လေးတွေက အမြင်ကိုကြည်လင်စေသော မျက်စင်းခပ်ဆေးပေပဲလား။" ဦးငယ်…
မနက်စာစားလို့ရပြီဗျ "ခေါ်သံကြောင့် သူနောက်လှည့်ကြည့်လိုက်သည်။
တူတော်မောင် လပြည့်က သူ့အားပြုံးပြနေလျှက်…။" မင်းအရင်စားထားနှင့်
ငါဆင်းလာခဲ့မယ် "လပြည့်ထွက်သွားပြီးနောက် သူသည်လည်း ညအိပ်ဝတ်စုံကိုလဲကာ အောက်ထပ်ဆင်းခဲ့လိုက်သည်။မနက်စာဝိုင်းတွင်တော့ မုန့်ဟင်းခါးက အဆင်သင့်စောင့်ကြိုနေ၏။
" မုန့်ဟင်းခါးပဲလား "
" ဟဲဟဲ… ဟုတ်တယ်ဦးငယ်။ မွင်းငါးပဲ ပဲပြုတ်သည်ကိုမမီလိုက်ဘူး "
" ဘယ်မီမလဲ အိပ်ပုတ်ကြီးနေတာကိုး "
" ဦးငယ်ကတော့ပြောတော့မယ်။ သားလည်း… စောစောထတာပဲ အဲပဲပြုတ်ရောင်းတဲ့အဒေါ်ကြီးကသာ ခြေမြန်လွန်းတာပါဗျာ "
" တော် တော်… သူများကိုလွဲချမနေနဲ့ မင်းဘာသာ ညနက်သန်းခေါင် မိုဘိုင်းဂိမ်းတိုက်နေပြီးတော့များ…… ပြောထားမယ်နော် မနက်ကစလို့ ပဲကိုဆိုင်မှာဝယ်ပြီး စောစောထပြုတ်ရမယ် အဒွန့်မရှည်နဲ့ "
ပြောဖို့ကြံကာရှိသေး ဦးငယ်ပိတ်ပြောလိုက်တာမို့ လပြည့်ဇက်ကလေးပုသွားလေသည်။ လူပျိုကြီးပီပီ ဂဂျီဂဂျောင်ကို ကျလွန်းတယ်။အဲဒါကြောင့်မိန်းမ မရတာ။
" အာ… မေ့တော့မလို့
မနက်ကစောစောစီးစီး ကုန်စိမ်းဖောက်သည်တစ်ယောက် ဖုန်းဆက်သေးတယ် ဒီညနေ ဒါမှမဟုတ် မနက်ဖြန်လောက် အသီးအရွက်တွေထပ်ပို့ပေးပါတဲ့ "
YOU ARE READING
To My Star (ကိုယ့်ရဲ့ကြယ်စင်ဆီသို့) Complete
Romanceချစ်ခြင်းမေတ္တာဟူသည် အတိုင်းမသိ နက်နဲလှပေ၏။ အဖြေရှာ၍မရနိုင်။ ရာဘင်ဒြာနတ်တဂိုး။