အပိုင်း(၅)
အချိန်တွေကြာလာလိုက်တာ ယခုဆိုလျှင် ကြယ်လေးတစ်ယောက် လူစကားကိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်နေပြီဖြစ်သည်။ သူတစ်လှည့် လပြည့်တစ်လှည့်သင်ပေးရင်း ဇာတ်လမ်းများပေးကြည့်သဖြင့် လူရည်လည်လာပြီ။ စကားအစ အမူအရာအဆုံးပြောင်းလဲသွားပေမယ့် မပြောင်းလဲတာက ပြဿနာရှာခြင်းဖြစ်သည်။
တစ်နေ့ထက်တစ်နေ့ မရိုးနိုင်အောင် ပေါက်ကရလုပ်လွန်းလို့ ဘုန်းသိင်္ခတစ်ယောက်ပါးစပ်ကိုပိတ်မနေရ။ လေသံမာမာနဲ့ပြောမိပြန်ရင်လည်း မျက်နှာငယ်လေးဖြင့်လုပ်တတ်သူလေး။ အရင်က မနက်တစ်ကြိမ် ညနေတစ်ကြိမ်ပဲ စကားပြောဖြစ်ကြတဲ့တူဝရီးနှစ်ဦးက ခုများမှာတော့ ဟိုအမွှေစိန်လေးကြောင့် အာပေါက်တော့မည့်အခြေအနေ။
" အဆင်သင့်ဖြစ်ပြီးလား ကြယ်လေး "
" အွန်း... ဖြစ်ပြီ အစ်ကိုလပြည့် သွားကြမယ်လေ "
" Ok သွားကြတာပေါ့ "
နှစ်ယောက်သား ခြင်းတောင်းလေးများသယ်ကာ စိုက်ခင်းထဲသို့ဆင်းလာခဲ့ကြသည်။ ဦးငယ်ဟာ အရင်လို... အားအားယားယားမနေခိုင်းတော့ပဲ ခြံထဲဆင်းကာ အသီးအရွက်တွေခူးစေသည်။ ပို့ဆောင်ခြင်းကိုတော့ ခါတိုင်းလိုပဲ သူပို့သည်။
ကုန်စိမ်းသည်အဒေါ်ကြီးဖုန်းမခေါ်ဖို့ပဲဆုတောင်းမိတယ် တစ်ခါတစ်ခါကုန်စိမ်းမှာရင်များလွန်းလို့ လပြည့်နဲ့သူတောင် မနိုင်ချင်ပါ။ ဆိုတော့ အမွှေစိန်လေးကိုဆင်းခိုင်းရခြင်းဖြစ်၏။ သူကတော့ အပင်အတွက်လိုအပ်သည့် မြေသြဇာများကို အိမ်ထဲမှာပင် စားရင်းပြုစုနေလိုက်သည်။ နောက်တစ်ရက် နှစ်ရက်နေရင် အလှပန်းပင်များစိုက်ဖို့ရှိတာမို့ အခုချိန်ကစပြီး စီမံကိန်းစဆွဲနေရလေသည်။ ဒါကလည်း ခမျာလေးပူဆာလွန်းအားကြီးလို့ လုပ်ပေးမလို့ပါ။
လူကသာယောကျာ်းလေး ပန်းကိုတော့တော်တော်လေးမြတ်နိုးရှာသည်။ ပန်းမြင်ချင်လို့ရှိရင် ခြံတံတိုင်းကိုကျော်ခွကာ သူများခြံဝန်းထဲခိုးဝင်ကြည့်ရတဲ့အဖြစ် ထိုအခါ ခြံပိုင်ရှင်က ပန်းများလိုချင်သလောက် ခူးပေးလိုက်လျှင် သူလေးခင်မျာ တစ်နေကုန်တစ်နေခမ်း ဘာမှမလုပ်နိုင်အောင် ပန်းကလေးတွေကိုပန်းအိုးထဲထိုးပြီး ထိုင်ကြည့်နေတတ်တာလေ။
YOU ARE READING
To My Star (ကိုယ့်ရဲ့ကြယ်စင်ဆီသို့) Complete
Romanceချစ်ခြင်းမေတ္တာဟူသည် အတိုင်းမသိ နက်နဲလှပေ၏။ အဖြေရှာ၍မရနိုင်။ ရာဘင်ဒြာနတ်တဂိုး။