အပိုင်း(၃)
(၁)ပတ်ခန့်ကြာသည့်တိုင်အောင် အကောင်ပေါက်လေးရဲ့သတင်းအစအန ဘာတစ်ခုမှမရသေးချေ။ Facebookပေါ် ပိုစ့်တင်ပေမယ့် မည်သူကမှအဆက်အသွယ်လုပ်လာခြင်းမရှိ။
" ဘာထူးသေးလဲ လပြည့် "
" ဘာမှမထူးဘူး Likeလုပ်တဲ့သူ ရာကျော်တာတောင် ဘယ်သူမှသူ့ကိုသိတယ်လို့ မန့်ထားတဲ့commentမရှိဘူးရယ် "
" ချာတိတ်လေးက ရောက်ခါစလိုမဟုတ်တော့ဘူး
စကားမပြောပေမယ့် သူနားလည်နေသလိုပဲ "" အမှန်ပဲဦးငယ် ဟိုနေ့ကပဲကြည့်လေ သူ့ကိုထမင်းကျွေးတာမစားပဲခေါင်းခါပြတယ် အရင်ကဆိုထမင်းကိုဆော့လိုဆော့ သွန်လိုသွန်နဲ့ "
" ထူးတော့ထူးဆန်းတယ်ကွ သူအစားမစားတာ တစ်ပတ်လောက်ရှိပြီ နေမကောင်းတာတို့ ဗိုက်အောင့်တာတို့ ဖြစ်တာ မတွေ့ဘူး "
" အဲဒါတင်ဘယ်ဟုတ်သေးမလဲ ညညဆိုလည်း မအိပ်ဘူးဦးငယ်ရ။ သားဂိမ်းဆော့ရင်းကြည့်နေတာ လှေကားလက်ရန်းကိုပဲလျှောစီးသလိုစီးနေတယ် တစ်ခုတော့ရှိတယ် မနက်(၅း၀၀)နာရီလောက်ဆို အပြင်ထွက်ပြီး ကောင်းကင်ကိုမော့ကြည့်နေတတ်တယ် အစကတော့ သားလည်းတစ်ခါတစ်လေလို့ပဲထင်တာ ဘယ်ဟုတ်မလဲ မနက်တိုင်းသွားသွားကြည့်တာဗျာ့ "
" အိမ်ကိုလွမ်းလို့များလား "
" မပြောတတ်ဘူးဦးငယ်ရဲ့ ဒါပေမယ့် ကောင်းကင်ကိုကြည့်နေရင်း ကြယ်ကြွေရင်တော့ သူလက်ယပ်ခေါ်နေတာတွေ့တယ် တကယ်ထူးဆန်းတယ် "
မေးထူးခေါ်ပြောလို့မှ ပြန်မပြောရှာတဲ့ ချာတိတ်လေးကို သူဘယ်လိုလုပ်ရပါ့မလဲ။ ခန့်မှန်းရသလောက် အသက်က (၁၇)(၁၈)လောက်သာ ရှိဦးမည်ထင်သည်။ အသားဖြူဖြူ မျက်တောင်ကော့ကော့ မျက်ခုံးနက်နက် သွေးနုရောင်နူတ်ခမ်းနှင့် မိန်းမချောလေးချောတဲ့ ထိုကောင်လေးပါ။ နေဦး မျက်လုံး…… ဟုတ်တယ် မျက်လုံး။ သူ့မျက်လုံး သူ့မျက်ဝန်းတွေက ကြယ်စင်တွေလိုလင်းလက်တောက်ပနေတာ။ မျက်တောင်လေးပုတ်ခပ်ပုတ်ခပ် လုပ်လိုက်တိုင်း မှိတ်တုန့်မှိတ်တုန့်လင်းတတ်သော ကြယ်နှင့်ဆင်တူနေ၏။ ဒီလိုချစ်စရာအသွင်အပြင်လေးနှင့် ဘာကြောင့်မို့ ရူးနေရပါသလဲနော်။
YOU ARE READING
To My Star (ကိုယ့်ရဲ့ကြယ်စင်ဆီသို့) Complete
Lãng mạnချစ်ခြင်းမေတ္တာဟူသည် အတိုင်းမသိ နက်နဲလှပေ၏။ အဖြေရှာ၍မရနိုင်။ ရာဘင်ဒြာနတ်တဂိုး။