Unicode

8 5 14
                                    

ခပ်ပြာပြာဆံပင်တွေနဲ့ အချိန်တိုင်း ပီကေဝါးနေတတ်တဲ့ အဲ့ကောင်လေးက ကျောင်းလူဆိုးလေးအသွင် ။ မိဘတွေရဲ့နောက်ခံကြောင့် ဆံပင်ဆေးမဆိုးမရဘူးဆိုတဲ့ ကျောင်းစည်းကမ်းကလည်း အဲ့ကောင်လေးအတွက်တော့ခြွင်းချက် ။

"ဘတ်ဟျွန်း ဒီနေ့ ငါတို့အတန်းကို ဆရာအသစ်လာမယ်တဲ့"

တန်းခွဲ A မှာဆိုးချင်တိုင်းဆိုးနေကြတဲ့ ကျောင်းသားလေးတွေပီပီ ဆရာဘယ်နှယောက်ပြောင်းပြောင်း သူတို့အတွက် သိပ်တော့ထူးဆန်းမနေခဲ့ ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နည်းနည်းလောက်အနိုင်ကျင့်လို်က်တာနဲ့ လစ်ပြေးသွားကြမှာပဲဟာ ။

ဘတ်ဟျွန်းက ဆယ်ဟွန်းရဲ့စကားကို အဖက်တောင်မလုပ်ချေ ။ သူတို့ရဲ့ ကျောင်းအုပ် ကင်ဂျူံအင်က တန်းခွဲ A ကိုနိုင်မယ့် ဆရာ၊ဆရာမတွေကို အမြဲတမ်းပတ်ရှာနေတာ ။ အတန်းပိုင်ဆရာ ကင်ဂျွန်မြောင်ကိုတောင်မှ သူတို့သူငယ်ချင်း ကျန်းရီရှင်းမျက်နှာကြောင့် လွှတ်ပေးထားတာ ယုံ ။

"အားလုံးပဲ"

အတန်းပိုင်ဆရာ ကင်ဂျွန်မြောင်က အရှေ့မှာရပ်ရင်း သင်ပုန်းကိုတဘန်းဘန်းရိုက်လိုက်သည်နှင့် အကုန်လုံး ငြိမ်ပေးလိုက်သည် ။

"ဒီနေ့ မင်းတို့အတွက် အင်္ဂလိပ်ဆရာအသစ်ရောက်လာတယ်"

ကင်ဂျွန်မြောင်၏ စကားဆုံးသည်နှင့် အရပ်ရှည်ရှည် ခပ်ချောချောဆရာတစ်ယောက်က အတန်းထဲဝင်လာသည် ။ ထိုလူရဲ့ချောမောတဲ့မျက်နှာကြောင့် ကောင်မလေးတွေက ဝိုးခနဲ ။

"မင်္ဂလာပါ ဆရာ့နာမည်က ပတ်ချန်းယောလ်"

ဘတ်ဟျွန်း မျက်တောင်မခတ်တမ်းကြည့်နေမိရင်း အသစ်ရောက်လာတဲ့ဆရာက ခန့်သည်ဆိုတာကို စိတ်ထဲမှာ ဝန်ခံလိုက်သည် ။

ဆရာအသစ်လေးက ဆွဲဆောင်မှုရှိရှိနဲ့စကားတွေပြောနေသော်လည်း တစ်ယောက်သောသူ ဘတ်ဟျွန်းမှာ အာရုံမရပါချေ ။ ညက ဆယ်ဟွန်းတို့နဲ့အတူတူ ဂိမ်းဆော့လိုက်မိတာအရမ်းအိပ်ချင်နေပြီ ။

"ဟိုခေါင်းပြာနဲ့ကျောင်းသား"

ဆယ်ဟွန်း အိပ်ငိုက်နေတဲ့ ဘတ်ဟျွန်းကို တံတောင်နဲ့ထိုးလိုက်သော်လည်း သကောင့်သားလေးက အိပ်နေဆဲ ။ ချန်းယောလ်က မြေဖြူကိုယူလိုက်ပြီး ဘတ်ဟျွန်းကို လှမ်းပေါက်လိုက်သည် ။ တိကျတဲ့ပစ်ချက်ကြောင့် အိပ်မက်ကမ်ဘာထဲရောက်လုနီးနီးဖြစ်နေသည့် ဘတ်ဟျွန်းမှာ နိုးလာရတော့၏ ။

Love : What is that  ? Where stories live. Discover now