pt.5

281 35 2
                                    

Brownieလုပ်လို့ပြီးသွားပေမယ့် ညနေစာအတွက်ချက်ဖို့ပြင်ရသေးသည် Samကဘေးကနေကူညီပေးသဖြင့်ပိုလည်းအဆင်ပြေပါသည်

"ငါဗိုက်ဆာပြီ"

တကယ်လည်းဗိုက်ဆာလောက်ပါသည်
တစ်ချိန်လုံးတောက်တိုမယ်ရ
အကုန်ကူညီထားသည်မှလား
ပြောတဲ့ပုံလေးကိုကကလေးလေးအတိုင်းပဲ
ကိုယ်ရဲ့Samကသိပ်ချစ်ဖို့ကောင်းပါသည်

"ခနလေးစောင့်လေ Daniel hyungလာရင်
တူတူစားကြမယ်"

"အင်းပါ..."
"လိမ္မာလိုက်တာ"

"ကလေးမွေးပေး!"

ချီးကျူးပြီးခေါင်းကိုခပ်ဖွဖွပွတ်ပေးရုံ
ရှိသေးတယ်စလာပြန်ပြီဒီကိစ္စ

"စဥ်းစားပေးပါမယ်ဆိုSamရာ ခနခနမပြောပါနဲ့လား
ကိုယ်ခေါင်းကြိမ်းလွန်းလို့ပါ"

"ပြီးရောပြီးရော"

တင်န်!

အိမ်ရှေ့ကတံခါးဖွင့်သံကြားတော့Daniel hyung
ကိုအပြေးလေးသွားကြိုရပြန်သည်
Samကလူပေါင်းတော်တာပဲ
အဲ့တာကြောင့်လည်းစိတ်မချဖြစ်နေရတာ

"Hyungကိုစောင့်နေတာ ညနေစာစားရအောင်"

ထမင်းစားခန်းကိုရောက်လာတော့ စားပွဲပေါ်က
အငွေ့တထောင်းထောင်းနဲ့ထမင်းဝိုင်းလေးက
စီးကြိုလို့နေတယ်

"ဒါတွေကဘယ်သူချက်ထားတာလည်း"

Daniel hyungအမေးကိုဝင့်ကြွားစွာနဲ့ပြန်ဖြေနေတဲ့
Samကိုကြည့်ရင်းYongbokတစ်ယောက်ကတော့
ပြုံးပြုံးကြီး ပုံမှန်နှစ်ယောက်ထဲလဲပျော်ရပေမယ့်
ဒီလိုဆိုတော့အတိတ်ကhyungနဲ့သုံးယောက်သား
တူတူစားခဲ့ကြတဲ့မနက်စာဝိုင်းလေးကို
သတိတော့ရမိသား

"YongbokကMain chef ကျတော်ကတော့
သူ့ထက်ရာထူးကြီးတယ်"

ချစ်တဲ့သူကကိုယ့်အတွက်ညနေစာထမင်းဝိုင်းလေးပြင်ထားတာမြင်တော့ရင်ထဲနွေးထွေးသွားရသည်
အော်....ချစ်တဲ့စိတ် ချစ်တဲ့စိတ် ကိုယ့်​အတွေးလေးနဲ့ကိုယ်ပဲကျေနပ်ရတော့သည်လေ.....

"Hyunjinကတော်လိုက်တာ ကဲhyung
ခြေလက်သွားဆေးဦးမယ်နော်"

"ဟုတ်ကဲ့Daniel hyung"

Sorry but you're already mine (Complete)Where stories live. Discover now