အခန်း-၎
၁၇
အိပ်ရာ ခေါင်းရင်းကို သေမတတ်ဖက်တွယ်ထားရင်း လင်းရင် ငြင်းသည်.. "အိပ်မက် မက်မနေနဲ့ ကျွန်တော် လုံးဝမလိုက်ဘူး"
"လိမ်မာပါတယ်.. ညီလေး .. မင်းပဲ ဒီကိစ္စတွေ စောစော အပြတ်ဖြတ်ချင်တယ်ဆို"
ဂလောက်ဂလောက်မြည်တဲ့ ဂျောက်ဂျက် အရုပ်လို ခေါင်းခါနေသည့် လင်းရန်ကို ဆရာတူအကို ကျွတ်တချက်စုတ် လိုက်ပြီး ဂုတ်မှ ဆွဲသည်... သူ့ပုံစံက တရွတ်ဆွဲခေါ်သွားရမယ်ဆိုရင်တောင် ဆွဲမယ့်သဘော ရှိ၏..
လင်းရန် အံကိုကြိတ်လိုက်ကာ ဝန်ခံဖို့ ဆုံးဖြတ်ချက်ချလိုက်သည်.. "အကို.. ကျွန်တော် ရှင်းပြတာနားထောင်ပါဦး.. ကျွန်တော်က အကို့ ဆရာတူညီလေးမဟုတ်ဘူး... ကျွန်တော်က အနာဂတ်ကနေပြီး နာမ်ရွှေ့ပြောင်းပြီး ရောက်လာတာ .. နာမ်ရွှေ့ပြောင်းတယ်ဆိုတာကိုကော သိလား.. ပြောချင်တာက အကို့ညီရဲ့ စိတ်ဝိညာဉ် က မရှိတော့ဘူး ကျွန်တော်က အစားဝင်လာတာမျိုး.. ဓားသိုင်းအကြောင်းလဲ မသိဘူး.. ဓားကို လွှဲတောင် မလွှဲတတ်ဘူး... ကျွန်တော်က ကျောင်းသားပဲရှိသေးတယ်... အကို ဒီလိုဆက်လုပ်နေရင် နှစ်ယောက်လုံး မသာပေါ်..."
ဆရာတူအကို က သူ့ကို ပြူးကြည့်ကာ အကြောတခုကို လှမ်းပိတ်လိုက်သည်.. "ပွစိပွစိလုပ်မနေနဲ့တော့"
လင်းရန်ကတော့ အသံနာသည်အထိ ဆက်ပြောဖို့ ဆုံးဖြတ်ထားသည်.. "ကျွန်တော့်ကို မယုံဘူးလား.. ကျွန်တော်သက်သေပြမယ်! Chemistry ဆိုတာကိုသိလား periodic table အလွတ်ရလား.. Newton နိယာမ က ၃ခုရှိတယ်... တကယ်ပါဗျာ ကျွန်တော်က တခြား နေရာကလာတာပါ"
ဆရာတူအကိုက နောက်ထပ် ၂နေရာကို ဖတ် ဖတ်နှင့် အကြောထပ်ပိတ်လိုက်သည်.. "ညီလေး... မင်းရဲ့ အဲ့ ပေါက်ကရ လျှောက်ပြောတတ်တဲ့ အကျင့်ကို ပြင်သင့်နေပြီ.. ဟိုတခါကလဲ မင်းကိုယ်မင်း နတ်ဝင်စားဆိုပြီး ငါ့ကို ၂ပေါက် ၁ပေါက်ရိုက်တယ်"
လင်းရန် စကားပြောလို့မရတော့၍ အင်း အင်း အွန်းအွန်း နှင့် ပြန်ငြင်းဖို့ အတင်း အသံပြုသည်...
YOU ARE READING
Evil Cult undercover gets exposed everyday (အလွန်တော်သောသူလျှို)
Romanceအူကြောင်ကြောင် လင်းရန် တစ်ယောက် အကျိုးအကြောင်းမရှိ နာမ်ရွှေ့ပြောင်းပြီး ရှေးခေတ်ကို တာဝန်တခု ထမ်းဆောင်ဖို့ရောက်သွားသောအခါ... 12ပိုင်းပဲရှိတဲ့ ဟာသ၀တ္တုတိုလေးပါ... အူကြောင်ကြောင် လင်းရန် တစ်ယောက် အကျိုးအကြောင်းမရှိ နာမ်ရွှေ့ပြောင်းပြီး ရှေးခေတ်ကို တာဝန်...