အခန်း-၆
၂၈
လင်းရန်လည်းရုတ်တရက်မို့ ဘာပြောရမှန်းမသိဖြစ်သွားကာ လက်ကိုင်ပုဝါတစ်ထည်ကို ဆရာတူအစ်ကို ဆီအမြန်ကမ်းပေးလိုက်သည်..
ဆရာတူအကိုက သူ့မျက်ရည်တပေါက်၂ပေါက်ကို သုတ်ကာ "ငါအရင်က လုကွမ်းလို့ခေါ်တဲ့ သူခိုးတစ်ယောက်ကို ဆရာနဲ့အတူလိုက်ဖမ်းဖူးတယ်.. သူနေတဲ့ တည်းခိုခန်းကို သွားပြီး သူ့ကိုဖမ်းဖို့ပြင်ထားတာ.. ဆရာက သူအရင် အငိုက်ဝင်ဖမ်းမယ်တဲ့ ငါ့ကို တံခါးအပြင်မှာ ပိတ်ဖမ်းဖို့ မှာတယ်"
လင်းရန်က ဆရာတူအကိုရဲ့ ကျောကို ပုတ်ပေးကာ နှစ်သိမ့်ရင်း နားထောင်သည်..
ဆရာတူအကိုက အတိတ်ကို ပြန်အောက်မေ့သတိရဟန်ဖြင့် ဆက်ပြောသည်. "ငါတံခါးအပြင်မှာ အကြာကြီးစောင့် ခဲ့တယ်.. အဲ့ဒီမှာ ရုတ်တရက် အထဲကတိုက်ခိုက်သံတွေအကုန်တိတ်သွားတယ်.. ငါလည်းအမြန်လိုက်ဝင်သွားတော့ ဆရာနဲ့သူက တယောက်နဲ့တယောက် ဆွဲချုပ်ထားပြီး နှစ်ယောက်လုံးမလှုပ် နိုင်ဖြစ်နေကြတယ်.. အဲ့လိုအချိန်မှာ ဆရာက ငါ့ကို သူ့ရဲ့ အားနည်းချက်ကို တိုက်ခိုက်ဖို့ အမိန့်လှမ်းပေးတယ်.. ယောကျား တစ်ယောက်ရဲ့ အားနည်းချက်ဆိုတော့ ဟိုနေရာကို ပြောတာများလားလို့ တွေးမိတာနဲ့ ငါလဲ အဲ့နေရာကို ဖမ်းကိုင်လိုက်ပြီး.. သူ ဆက်မတိုက်ခိုက်ဖို့ သူ့ကို ခြိမ်းခြောက်လိုက်တာပေါ့.."
ဒီစကားနားရောက်တော့ လင်းရန် ဆွံ့အ သွားရသည်.. တချိန်တည်းမှာပဲ ဆရာတူအကို ရဲ့ IQ ကို အံ့ဩမင်သက်မိ သည်..
ဆရာတူအကိုကငိုနေရင်း နှာတချက်ရှုံသည်.."သူလဲ မလှုပ်ရဲတော့ဘူးပေါ့.. ဆရာသူ့ကို ကြိုးချည်လို့ မပီးမချင်း ငါလဲ သူ့အားနည်းချက်ကို ညှစ်ထားလိုက်တာ.. ငါလက်လွှတ်လိုက်ချိန်ကျတော့ ငါ့လက်မှာ အဟွတ် ချွေးတွေတောင်ပေနေတယ်"
လင်းရန် သူ့နဖူးသူ လက်ဝါးဖြင့် ကိုင်ထားမိသည်.. ဇာတ်လမ်းက ဆက်တောင်နားမထောင်ရဲတော့အောင် what the fuck ကြီးဖြစ်လွန်းသည်..
YOU ARE READING
Evil Cult undercover gets exposed everyday (အလွန်တော်သောသူလျှို)
Romanceအူကြောင်ကြောင် လင်းရန် တစ်ယောက် အကျိုးအကြောင်းမရှိ နာမ်ရွှေ့ပြောင်းပြီး ရှေးခေတ်ကို တာဝန်တခု ထမ်းဆောင်ဖို့ရောက်သွားသောအခါ... 12ပိုင်းပဲရှိတဲ့ ဟာသ၀တ္တုတိုလေးပါ... အူကြောင်ကြောင် လင်းရန် တစ်ယောက် အကျိုးအကြောင်းမရှိ နာမ်ရွှေ့ပြောင်းပြီး ရှေးခေတ်ကို တာဝန်...