၃၄နေ့ခင်းအချိန် ဟူရှင်း ခန်းဆောင် အတွင်း..
သက်တောင့်သက်သာရှိသည့် ထိုင်ခုံကြီးပေါ်တွင် လင်းရန် လေညင်းခံရင်း အေးအေးလူလူ လှဲလျောင်း နေ၏.. ရေကန်အတွင်းမှ ကြာပန်းများကို ကြည့်ရင်း၊ ရှေ့မှာ ချထားသည့် လတ်ဆတ်သော အသီးအနှံများကို စားရင်းဖြင့် သူ့ဘ၀က အတော်ပင် သာယာကျေနပ်ဖွယ် ကောင်းနေသည်..
ကျိဝူရှယ်က စပျစ်သီးကို တလုံးစီ အခွံသေချာခွာကာ သူ့ကို ခွံ့ပေး၏..
လင်းရန်က တဖက်မှာရှိသည့် ဗျပ်စောင်းကို လှမ်းညွှန်ပြကာ "ချင် တီးတတ်လား"
ကျိဝူရှယ်က ခေါင်းညိတ်သည်.. "ဒါပေါ့"
လင်းရန် " တီးပြ နားထောင်ချင်တယ်"
ကျိဝူရှယ်က မကျေလည်ပါ "ဇနီးလေးက ပိုပို အတင့်ရဲလာပြီ"
လင်းရန်က မျက်လုံးလှန်လိုက်ပြီး "အစတည်းက ခဗျားဘာလို့ ကြောက်အောင် လိုက်ပြီးခြောက်ခဲ့လဲ"
ကျိဝူရှယ်က သက်ပြင်းချသည်.. "အဲ့ဒါကြောင့် အခု ယောကျာ်းခေါင်းပေါ်ကို ပြန်တက်ခွဖို့ကြိုးစားနေတာပေါ့လေ ဟုတ်လား"
လင်းရန် "ခွရတာကြိုက်တယ် ဘာဖြစ်လဲ"
ကျိဝူရှယ်က သူ့ကို တချက်ကြည့်သည်.. "ခွပါ ခွပါ.. တခြားနေရာ ရော ပြောင်းမခွချင်ဘူးလား"
လင်းရန် သူ့ကို ရှက်ရှက်ဖြင့် စပျစ်သီးစေ့များဖြင့် ပစ်ပေါက်လိုက်သည်.. " ထွက်သွား"
ကျိဝူရှယ်က ပြုံးကာ လင်းရန်လက်ကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးသည်.. ထို့နောက် ဗျပ်စောင်း ဘေးထိုင်လိုက်ပြီး "ဇနီးလေး ဘာနားထောင်ချင်လဲ"
လင်းရန် ခဏစဉ်းစားလိုက်ပြီးနောက် ..သူဟာ ရိုးရာ ယဉ်ကျေးမှု နဲ့ပတ်သတ်လို့ ဘာမှ တတ်ကျွမ်းမှုမရှိတာ သတိရသွားပြီး "ကြိုက်တာတီး"
ESTÁS LEYENDO
Evil Cult undercover gets exposed everyday (အလွန်တော်သောသူလျှို)
Romanceအူကြောင်ကြောင် လင်းရန် တစ်ယောက် အကျိုးအကြောင်းမရှိ နာမ်ရွှေ့ပြောင်းပြီး ရှေးခေတ်ကို တာဝန်တခု ထမ်းဆောင်ဖို့ရောက်သွားသောအခါ... 12ပိုင်းပဲရှိတဲ့ ဟာသ၀တ္တုတိုလေးပါ... အူကြောင်ကြောင် လင်းရန် တစ်ယောက် အကျိုးအကြောင်းမရှိ နာမ်ရွှေ့ပြောင်းပြီး ရှေးခေတ်ကို တာဝန်...