Dance With me Part 1

197 13 3
                                    


#unicode

" နောက်ဆုံးအနေနဲ့ တို့တွေ နောက်တစ်ခေါက်လောက် ကလို့ မရဘူးလား "

ကြယ်လေးတွေဟာ မဲမှောင်နေတဲ့ ကောင်းကင်ကြီးပေါ်တွင် အစီအရီနေရာယူကုန်ကြပြီ

လခြမ်းကွေးလေးကလည်း နူးညံ့တဲ့ တိမ်တိုက်တွေနောက်မှာ ပုန်းကွယ်နေတယ်

တိတ်ဆိတ်တဲ့ လမ်းမပေါ်မှာ ခြေသံတွေ ကြားလာရပြီး ခြေသံပိုင်ရှင်ဖြစ်တဲ့ Aeriက လူသူမရှိရှင်းလင်းနေတဲ့ ဆိုးလ်လမ်းမပေါ်မှာ ဖြည်းဖြည်းချင်း လမ်းလျှောက်နေတဲ့ ကောင်မလေးကို ကြည့်ပြီး ပြုံးနေသည်

" ကချင်စိတ်ရှိနေဘူး Unnie "

NingNingရဲ့ ချစ်စရာကောင်းတဲ့ အသံကြောင့် Aeri ထပ်ပြုံးမိပြန်သည်

နူးညံ့နွေးထွေးတဲ့ လက်တစ်ဖက်က သူမလက်ကို လာကိုင်တဲ့အခါမှာတော့ NingNing ခြေလှမ်းတွေရပ်သွားသည်

" ဘာလို့ ကချင်စိတ်ရှိတာလည်းဆိုတာ တို့ကို ပြောပြလို့မရဘူးလား "

အလိုမကျတဲ့ မျက်မှောင်ကြုတ်မှုဟာ NingNingရဲ့ မျက်နှာပေါ် ဖြစ်ပေါ်လာသည်

NingNing ကိုယ်တိုင်လည်း သူမကိုယ်သူမ ထူးဆန်းနေတယ်ဆိုတာလည်း သိသည်

ပုံမှန်ဆို Aeriမေးတာကို ပြန်ဖြေပေမယ့် ယခုတော့ Aeriမေးတာကို မဖြေဘဲ ဂျစ်တိုက်ချင်နေသည်

" ဘာမှမဟုတ်ဘူး "

NingNingရဲ့ စကား​ကြောင့် Aeri မျက်ခုံးတစ်ဖက် ပင့်သွားတယ်

" ဘာဖြစ်နေတာလည်း ကလေးမင်းမျက်မှောင်ကြုတ်တာရပ်ချင်း တို့ ဘယ်မှသွားဘဲနေပစ်မှာနော် "

Aeri စကားကြောင့် NingNing သက်ပြင်းချလိုက်သည်

Aeriကို သူမဘာဖြစ်နေတယ်ဆိုတာ ပြောပြသင့်လား

သူမကို လျစ်လျူရှုပြီး Minjeongနဲ့ သုံးလေးရက်လောက် အချိန်ဖြုန်းခဲ့တဲ့ Aeriကို သူမ ဘာဖြစ်နေလည်းဆိုတာ ပြောပြရမလား

Ningselle Short stories Where stories live. Discover now