Aeriရဲ့ ခါးပေါ်ကို NingNing လက်နှစ်ဖက်တင်ထားပြီး ငြိမ့်ညောင်းတဲ့ သီချင်း Rhythm နဲ့အတူ လိုက်လျောညီထွေစွာ ကနေသည်"မင်းရဲ့ ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ကို မှတ်မိရဲ့လား "
Aeriကမေးတော့ NingNingက ခေါင်းညိတ်ပြသည်
ကြယ်လေးတွေက မဲမှောင်နေတဲ့ ကောင်းကင်ကြီးမှာ နေရာပြန်ယူကြပြီး လင်းလက်နေကြတယ်
လမင်းကြီးကလည်း နူးညံ့တဲ့ တိမ်လေးတွေကို ပြုံးကြည့်နေသည်
"တို့နဲမကချင်ဘူးလို့ မင်း ငြင်းတာ ပထမဆုံးအကြိမ်ဖြစ်သလို တို့ကို မင်းနဲ့ကဖို့ လာကမ်းလှမ်းတာလည်း ပထမဆုံးအကြိမ် နော် "
Aeriကို ဆုပ်ကိုင်ထားလေလေ Aeriကို NingNing ပိုချစ်လာလေလေ...
Aeri သူ့ဘောင်းဘီအိတ်ထဲက ဆွဲကြိုးလေး ထုတ်ယူလိုက်သည်
တောက်ပနေတဲ့လမင်း ဆွဲသီးလေးကို NingNing ငုံ့ကြည့်လိုက်သည်
ဒါက Aeri သူမကို ထပ်ပြီး ပေးတဲ့ မွေးနေ့လက်ဆောင် နောက်တစ်ခုဘဲ
" ဒီနေ့ တို့ ခံစားရတဲ့ ပျော်ရွှင်မှုက ပုံဖော်လို့မရလောက်အောင်ဘဲ သိလား မင်းရဲ့လက်ကို သတ္တိရှိရှိ ကိုင်နိုင်ခဲ့ပြီး မင်းကိုလည်း တို့အပိုင်လို့ ခေါ်နိုင်ခဲ့တယ် "
Aeriနဲ့အတူ ဖြတ်သန်းခွင့်ရမယ့် အနာဂတ်ကို NingNing စိတ်ကူးပုံဖော်ကြည့်သည်
သူမတို့ နေ့တိုင်း ချိန်းတွေ့ကြမယ်
ပင်လယ်နဲ့ နီးတဲ့နေရာမှာ ဆောက်ထားတဲ့ အိမ်လေးတစ်လုံးဝယ်ပြီး အတူနေကြမယ်
ကြောင်လေး တစ်ကောင် ဒါမှမဟုတ် NingNing ချစ်တဲ့ ထူးဆန်းတဲ့အကောင်လေးတွေ မွေးကြမယ်
တွေးကြည့်ရုံနဲ့တင် NingNing ပျော်လာသည်
"Aeri Unnie ဘာလို့ ညီမကို ကဖို့ မေးရတာလည်း "
Aeriက NingNing မေးတာကို ဖြေမယ့်အစား NingNingရဲ့ မျက်နှာလေးကို ကိုင်ပြီး လက်မလေးနဲ့ပွတ်လိုက်သည်
