🤵 My dream is °CEO° 🤵 (2) Final

5.4K 211 62
                                    

"ဒီမှာ မင်းမမြင်ဘူးလားကွ"

Kim company CEO Kim taehyung တစ်ယောက် ဒီနေ့ စောစောနိုးနေတာကတစ်ကြောင်း ပီးတော့ company မှာလဲအစည်းဝေးရှိနေတာကြောင့် အိမ်မှ အစောကြီးထွက်လာခဲ့တယ် ကားမောင်းရင်း လမ်းမှာ coffeeဆိုင်လေး‌တွေ့တာကြောင့် ဝင်သောက်ရန် နာရီတစ်ချက်ကြည့်လိုက်တော့9:00ပဲရှိသေးတယ် အစည်းဝေးက11:30မှစမှာဆ်ို‌ေတာ့လိုသေးတာကြောင့် coffee ဝင်သောက်ဖို့သာ ပြင်လိုက်သည်

ထယ်ယောင်းလဲ ကားကို ဆိုင်ရှေ့မှာရပ်ကာ ဆိုင်လေးထဲသို့ဝင်လိုက်သည် ဆိုင်လေးကအပြင်ဆင်လေးတော့မဆိုးဘူး အတွင်းပိုင်းကို ခရမ်းရောင်လေးနဲ့ အစိမ်းရောင်လေး သုပ်ထားတာကြောင့် ဆိုင်လေးကတစ်မျိုးလှနေသည် ထယ်ယောင်းလဲဆိုင်ရဲ့ ထောင့်ကြကြဝိုင်းလေးမှာထိုင်ပီး လမ်းသို့မျက်နှာမူကာ ဆိုင်လေးက မှန်‌ေတွနဲ့ကာထားတာ‌ေကြာင့်အပြင်ဘက်က သွားလာလှုပ်ရှားနေကြတဲ့သူတွေကို coffee သောက်ရင်းကြည့်နေလိုက်သည်

ထိုချိန် ထယ်ယောင်းရဲ့မြင်ကွင်းထဲရောက်လာတာက သူ၏ BMW ကားအနက်ရောင်ကြီးအား စက်ဘီ‌နှင့်ဝင်တိုက်လိုက်သော ကလေးစုတ် ထယ်ယောင်းလဲ ပိုက်ဆံရှင်းကာ ချက်ခြင်းအပြင်သို့ ထွက်လာခဲ့သည် ဟိုကလေးစုတ်ကိုလဲကောင်းကောင်းကြီးပြောပစ်ဦးမယ်

"ဒီမှာ သောက်ကလေးစုတ် မင်းကားတစ်စီးလုံးရပ်ထားတာမမြင်ဘူးလား"

"ဟို..ဟိုကုကီးမမြင်လိုက်လို့ပါ"

"ဘာကွ!"

ထယ်ယောင်းကအော်လိုက်တာကြောင့်ကုကီးကိုယ်လုံးလေး တုန်တက်သွားသည် ဘာလို့မှန်းမသိ  ဒီလူကြီးအော်တာ သူ့စိတ်ထဲမှာဝမ်းနည်းသွားသည် 

"ဟင့် ကုကီးတ..တကယ်မမြင်လိုက်လို့ပါ"

"ဒီမှာ မင်းကမမြင်ဘူးဆိုပီးအေးဆေးပြောနေတာ အခု ငါ့ကားက မီးလုံးပျက်စီးသွားပီ မင်းဘယ်လိုလုပ်ပေးမှာလဲ"

"ဟင့် ကုကီး လျော်ပေးမယ်လေ ဘယ်လောက်လဲဟမ်"

"ဟက် မင်းက‌လျော်ပေးမယ် ဟုတ်လား အပိုတွေမပြောနဲ့ မင်းကဘယ်လောက်များလျော်ပေးနိုင်မှာမို့လို့လဲ"

Dark Collection 🌚(vkook one short🥵HE)Where stories live. Discover now