I L💚VE Y💜U (2) Final

7.5K 247 57
                                    

Next morning

နံနက်မိုးသောက်အလင်းရောက်ချိန်မို့ ပတ်ဝန်း
ကျင်တွင်  ကျေးငှက်လေးတွေရဲ့ ကျီကျီကြာကြာအသံလေးများဟာ နားထောင်သူများဖို့သာယာနာ‌ ပျော်ဖွယ် ထွက်ပေါ်လို့လာသည်နေမင်းကြီးဟာလည်း မိုး ကောင်းကင်ပေါ်၌ထည်ထည်ဝါဝါတည်ရှိလျက် သူ့ရဲ့တစ်နေ့တာအလုပ်ကိုစတင်ကာ  လူသားများတွက် မရှိမဖစ်လိုအပ်သော  အလင်းရောင်များဖြာချပေးလျက်ရှိသည် ထိုအတူ Kim အိမ်တော်ကြီး၏ အခန်းငယ်လေးထဲတွင်လဲ အလင်းရောင်များဖြာကျနေပီး ထိုအခန်းငယ်လေးထဲရှိကုတင်ဖြူဖြူပေါ်တွင် လုံးလုံးပြည့်ပြည့်‌ဖောင်းဖောင်းလေးဖစ်နေသော ခန္ဓာကိုယ်ငယ်လေးအား ကြွက်သားများနှင့် တင်းရင်နေကာ အကြော်ဖြိုင်ဖြိုင်ထနေသောလက်တစ်စုံသည်ကိုယ်ငယ်လေးရဲ့ ခါးသိမ်သိမ်အား တင်းတင်းကြပ်ကြပ် ပွေ့ဖတ်လျက် အိပ်ဆက်နေသည် ထိုထဲမှ ခန္ဓာကိုယ်ကြီးကြီးနဲ့ကောင်လေးဟာ သူ့ရင်ခွင်ထဲတွင် လှုပ်လှုပ်ရွရွဖစ်နေသော ခန္ဓာကိုယ်လေးကြောင့် နိူးထလာခဲ့သည်

Taehyung တစ်ယောက် ညကကောင်လေးကိုစနောက်ရင်းနဲ့ ညဉ့်နက်မှအိပ်ဖစ်သွားတာကြောင့်မနက်ခင်းတွင်နောက်ကြမှနိုးလာခဲ့သည် နိုးနိုးခြင်းဘေးကအကောင်ပေါက်လေးက လှုပ်စိလှုပ်စိနဲ့ ကိုယ့်ရင်ဘက်ထဲအတင်းတိုးဝင်နေတာကြောင့် လူမှာမနက်စောစောကြီး စိတ်ကိုမနည်းထိန်းနေရတယ် သူလေးကအိပ်တာကောင်းကောင်းမအိပ် ကိုယ့်ရင်ဘက်ကို တစ်ရှုံ့ရှုံ့နဲ့အနံ့ခံနေတာကြောင့် လူမှာအတောက်လိုက်ကြီးဖစ်လို့ မင်းလေးကိုယ့်ကိုအရမ်းပြုစားလွန်းတယ်

ဒီနေ့တော့ အလုပ်ပိတ်ရက်လဲဖစ်နေတာကြောင့် ကောင်လေးကို အဝတ်စားများလိုက်ဝယ်ပေးရင်း လျှောက်လည်ရအောင်အပြင်သို့‌ေခါ်သွားရန် စဉ်းစားထားသည် ဒါကြောင့်မို့ကလေးလေးကိုမနှိုးခြင်ပေမယ့်နှိုးရဦးမည်

"ကလေး ကလေးရေ ထတော့နော် "

"ဟင့် အွန်းးး"

အသံလေးပြုလာလို့ ထတော့မလားမှတ်တယ် အနှိပေါက်လေးက တစ်အင်းအင်းနဲ့ ကိုယ့်ကိုတောင်ပိုတိုးဖတ်လိုက်သေးတယ် ဘာလေးလဲကွာ

Dark Collection 🌚(vkook one short🥵HE)Donde viven las historias. Descúbrelo ahora