🌻ကျွန်တော့်ရဲ့အရှင်🌻(1)

4.4K 189 90
                                    

"အရှင်မင်းကြီး ကြွချီတော်မူလာပါပီ"

တံခါးစောင့်မှူးမတ်၏ အော်သံအဆုံးတွင် လူများရဲ့ရှေ့သို့   တောင့်တင်တဲ့ခန္ဓာကိုယ် တည်ကြည်သောမျက်နှာထားဖြင့် မာန်ပါပါလျှောက်လမ်းလာသည့် ရှင်ဘုရင်ဆိုသူ တစ်နည်း ကင်မ်တိုင်းပြည်ကြီးအားအုပ်စိုးသူ အရှင်မင်းကြီးကင်မ်ထယ်ယောင်းဖစ်ပေသည်

အရှင်မင်းကြီးကင်မ် ကြွချီလာသည်နှင့် နန်းတွင်း ညီလာခံအစည်းဝေးတွင်းရှိ သေနာပတိများ အမတ်များ နှင့်တကွ  အကုန်လုံးထပီး ဦးညွှန့်အရိုသေပြုကြရသည် မင်းကြီးသည် မြင်ရုံနဲ့တင် ဘယ်လောက်ထိထက်မြတ်ကြောင်း ဘယ်လောက်ထိ ဩဇာရှိကြောင်းသိနိုင်သည် အရှင်မင်းကြီးကင်မ်ဆိုလျှင် ဒီတိုင်းပြည်နယ် တွင်မဟုတ် အခြားတိုင်းပြည်နယ်တွေကပါ ရိုသေကြောက်ရွံ့ကြသည်

ညီလာခံလျှောက်လမ်းအတိုင်း ခန့်ညားစွာလျှောက်လှမ်းလာသည့် အရှင်မင်းကြီးသည် ရွှေရောင်များတစ်ဖိတ်ဖိတ်တောက်နေသည့် ရာဇပုလ္လင်ထက်၌ ရောက်ရှိလျှင်ပဲ သူ၏  ဩဇာကြီးသောအသံဖြင့်

"အားလုံးပဲ ပြန်ထိုင်ကြပါ အမတ်မင်းဂင် လျှောက်တင်စရာရှိတာ လျှောက်တင်ပါ'"

အရှင်မင်းကြီးသည် သူ၏လူရုံ ဖစ်သော အမတ်မင်းဂင်အား တိုင်းပြည်အတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့အခြေနေအား သိရစေရန် လှည့်လည်စစ်စေးစေခဲ့သည်

"မှန်လှပါမင်းကြီး ကျွန်တော်မျိုးတွေ့ရှိခဲ့သမျှဆိုရင်တော့ တိုင်းပြည်ဟာ အရင်ကထက်ပိုပီး စည်းကားလာပါတယ် ပီးတော့ စိုက်ပျိုးမွေးမြူရေးဘက်မှာလဲအဆင်ပြေပါတယ် ဒါပေမယ့်"

"ဘာဖစ်လို့တိတ်သွားရတာလဲ အမတ်ဂင်လျှောက်တင်စရာရှိတာသာလျှောက်တင်ပါ ငါကိုယ်တော်က တရားမျှတအောင်လုပ်ပေးမှာပါ"

"ဒီလိုပါ မင်းကြီး အခုတိုင်းပြည်ထဲမှာဖစ်နေတဲ့ ကိစ္စက အထက်တန်းစားခူတွေဟာ နိမ့်ပါးတဲ့လူတွေအပေါ်မတရားပြုမူနေပါတယ်"

"အပြည့်စုံလျှောက်တင်ပါ အမတ်ဂင်"

"မှန်ပါ ယခုဆိုလျှင် ပိုက်ဆံရှိလူတွေဟာ နိမ့်ပါးတဲ့သူတွေကို မတန်မရာအဖိုးခပေးပီး အလုပ်တွေကိုမတော်မတရားခိုင်း‌ေနပါတယ် တစ်ချို့ဆို အိမ်ထောင်ရှိအမျိုးသမီးတွေကိုပါ သူတို့ရဲ့အလိုရမ္မက်တွက်‌ေစာ်ကားဖျက်စီးနေကြပါတယ် ထိုသို့ဖျက်စီးခံရတဲ့မိန်းမသားတွေမှာလဲ သူတို့ဆီမှာပဲ အလုပ်လုပ်ရနာမို့ဘာမှမတတ်နိုင်တဲ့အ‌ခြေနေဖစ်နေပါတယ်"

Dark Collection 🌚(vkook one short🥵HE)Donde viven las historias. Descúbrelo ahora