YBOYD-1

3.5K 185 6
                                    

(Zawgyi)

*ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာဖြစ်သည်*

"မင်းရည်းစားနဲ့ချိန်းတွေ့တာဘယ်လိုလဲ?"

လှပပြည်ဖြိုးသော နှုတ်ခမ်းနဲ့ လိမ္မော်ရောင်ဆံပင်ပိုင်ရှင်နဲ့ကောင်လေးက သူ့သူငယ်ချင်းလေးကိုနောက်ပြောင်မေးလိုက်သည်။

"မဆိုးပါဘူး ငါတို့ပျော်ခဲ့ပါတယ် ပြီးတော့Bogumကငါ့ကိုသူ့အိမ်လဲခေါ်သွားတယ်"

ကောင်လေးကရှက်ရွံ့စွာပြုံးကာ ချယ်ရီနှုတ်ခမ်းလေးတွေ ကော့တက်သွားသည်အထိပြန်ဖြေသည်။

"OMG! ငါ့သူငယ်ချင်းကအပြစ်ကင်းစင်နေတာပဲ"

လိမ္မော်သီးရောင်ဆံပင်နဲ့ကောင်လေးက သူ့သူငယ်ချင်းလေးအားပြောလိုက်တော့ ထိုကောင်လေးက

"အင်း ငါအပြစ်ကင်းနေတုန်းပဲ ငါBogumနဲ့ဘာမှမလုပ်ရသေးဘူး"

ချောမောလှပတဲ့ကောင်လေးက သူ့မျက်လုံးပေါ်သို့ဖြာကျနေသော ပျော့ပျောင်းလှတဲ့ဆံနွယ်များကိုသပ်တင်ကာပြောလာသည်။

"အိုး... မင်းနဲ့သူနဲ့ အဟင်းးးး ထင်တယ် ထင်တယ်"

လိမ္မော်သီးရောင်နဲ့ဆံပင်နဲ့ကောင်လေးက သူ့ရဲ့ပန်းရောင်နှုတ်ခမ်းလေးများနှင့် လှောင်ပြောင်စွာပြောလာသည်။

"jimineမင်းကတော့လေ တကယ်ပဲ"

ဆံပင်ရွှေရောင်နဲ့ကောင်လေးက သူ့အားလှောင်ပြောင်နေတဲ့သူငယ်ချင်းလေးကိုကြည့်ကာရယ်မိသည်။

"taeမင်းကိုစရတာတော်တော်ကောင်းတယ်သိလား"
ဆိုပြီး ရယ်ကာပြောလာသည်။

"အင်း ဘာပဲဖြစ်ဖြစ်!"

ချောမောလှပတဲ့ကောင်လေးနှစ်ယောက် အတန်းဆီသို့လမ်းလျှောက်လာကြရင်း ဆံပင်ရွှေရောင်နဲ့ကောင်လေးက မျက်လုံးလေးများမှိတ်ထားကာပြောလိုက်သည်။

kim tae hyung နဲ့ park jimin တို့ကသေတဲ့အထိချစ်ကြတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ပါ။ သူတို့ကသူငယ်ချင်းများသာမက soulmateဆိုလဲမမှားပေ။

မူလတန်းကတည်းကပုခုံးဖက်ပေါင်းလာခဲ့တဲ့ ပြောမနာ ဆိုမနာသူငယ်ချင်းတွေ။ နှစ်တွေကြာပြီးတာတောင် တခြားအရာတွေသာပြောင်းရင် ပြောင်းသွားလိမ့်မယ် သူတို့ရဲ့ခင်မင်မှု့ကတော့မပြောင်းလဲ။

Your Boyfriend or Your Devil (Completed)Where stories live. Discover now