YBOYD-5

1.4K 113 0
                                    

(Zawgyi)

*ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာဖြစ်သည်*

သူjungkookနဲ့ခင်လာတာတော်"ကြာပြီ jungkookကတကယ်သဘောကောင်းတယ်။ ဒီရေခဲတုံးကြီးကသူ့ကိုရယ်အောင်လဲလုပ်ပေးတက်တယ်။

ဘာကြောင့်မှန်းမသိသူ့ကိုသဘောကျမိတယ်။ ဟိုလိုဒီလိုမဟုတ်ဘူးနော် ဒီအတိုင်းပဲအေးချမ်းလို့ ဒါပေမယ့် တစ်ခါတလေသူ့ကိုကြည့်လိုက်ရင်အတွေးများနေသလိုပဲ။

တစ်ဖက်ကjiminမှာတော့jungkookကိုကြည့်တဲ့အကြည့်တွေကလူသတ်တော့မယ့်အကြည့်။ ဘာလို့မှန်းမသိအဲ့jungkookဆိုတဲ့အကောင်က အခုtaehyungအရှေ့မှာနေပြနေတာ သူ့ပုံစံအစစ်အမှန်မဟုတ်ဘူးထင်တယ်။

ရိုးရိုးသားသားပြောရရင် အဲ့နေ့ကစပြီးjimin စိတ်ထဲမှာjungkookကိုသံသယဖြစ်လာတော့တာပဲ။

taehyungလက်ထဲမှာစာအုပ်တွေကိုပိုက်ပြီးသူ့အတန်းဆီကိုလျှောက်လာခဲ့သည်။ ဒါပေမယ့် သူ့အရှေ့ကိုတစ်ယောက်ယောက်ပိတ်ရပ်လိုက်တာကြောင့်သူအနည်းငယ်လန့်သွားရသည်။

သေချာကြည့်လိုက်တော့ Gu Ho ဆိုသော ကျောင်းကလူဆိုးကောင်။

လူဆိုးကောင်နဲ့စကားမရှည်ချင်တာမို့လျစ်လျူရှု့ပြီးခြေနှစ်လှမ်းပဲရှိသေး သူ့လက်ကောက်ဝတ်ကိုကြမ်းတမ်းစွာဆုပ်ကိုင်ခံလိုက်ရသည်။

"Guho! မင်းငါ့လက်ကိုလွှတ်စမ်း"

သူအော်လိုက်သော်လည်းလူဆိုးကောင်ကခပ်ထေ့ထေ့ရယ်နေသည်။ စောက်မြင်ကတ်ဖို့ကောင်းလိုက်တာ!

"ကျောင်းအုပ်ကြီးကိုသွားတိုင်တာ မင်းလား"

သူ့လက်ကောက်ဝတ်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး အံကြိတ်သံဖြင့်မေးလာသည်။

"ဟုတ်တယ် မင်းကသူများကိုအနိုင်ကျင့်နေတာကို"

သူတကယ်နာနေပြီလူဆိုးကောင်ပုံစံကိုကြောက်သော်လည်းမခံနိုင်တော့တာကြောင့်သူအော်ပြောလိုက်သည်။

"ငါ့ကိုတိုင်ရအောင်ထိမင်းကသတ္တိတွေရှိနေတယ်ပေါ့ ဟမ်"

"ငါ့လက်ကိုလွှတ် မဟုတ်ရင်မင်းကိုထပ်တိုင်ရလိမ့်မယ်"

Your Boyfriend or Your Devil (Completed)Where stories live. Discover now