YBOYD-2

2.3K 161 0
                                    

(Zawgyi)

*ဤဇာတ်လမ်းတွင်ပါဝင်သောအကြောင်းအရာများသည် စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာဖြစ်သည်*

"ငါtae hyungဆိုတာသူဘယ်လိုသိတာလဲ"အရုပ်လေးကသူ့ကိုယ်သူတွေးနေပေမယ့် ကျောင်းသားသစ်ကတော့သူ့ဘေးမှာထိုင်ပြီး သူ့စာအုပ်သူထုတ်ပြီး စာရေးနေပြီဖြစ်သည်။

သူလဲသိချင်တာမထိန်းနိုင်တာကြောင့်မေးလိုက်မိသည်။

"ဟေ့ ငါtae hyungဆိုတာမင်းဘယ်လိုသိတာလဲ မင်းကကျောင်းသားသစ်မဟုတ်ဘူးလား"

အရုပ်လေးက စိတ်ရှုပ်နေသောအမူအရာဖြင့် သူ့အားမေးလာသည်။ jung kookလှုပ်ရှားမှု့ကိုရပ်တန့်ကာမော့ကြည့်လိုက်ကာ စကားပြောရန် ပါးစပ်ဟလိုက်ပေမယ့်

အရုပ်လေးရဲ့ချယ်ရီနှုတ်ခမ်းဆီသို့အကြည့်ရောက်တော့ နှလုံးခုန်မြန်လာသည်။ အရုပ်လေးကလည်း သူ့စိုက်ကြည့်လာသောကြောင့် ရင်ဘတ်ထဲရထားဖြတ်မောင်းသွားသလိုပင်။

ချက်ချင်းအကြည့်လွှဲကာ သူ့ကိုယ်သူပြန်ထိန်းလိုက်သည်။ မဟုတ်ရင်သူအရုပ်လေးကိုတစ်ခုခုလုပ်မိလိမ့်မည်။

"တစ်ခြားကျောင်းသားတွေရဲ့ပါးစပ်က မင်းနာမည်ကို ငါကြားခဲ့တာ taehyungကအလှဆုံးကောင်လေးလို့ပြောနေကြတာ"

"taehyungဆိုတဲ့မင်းကဒီမှာအလှဆုံးလို့ငါထင်တယ်"

jungkook ကtaehyungအမေးကိုအေးအေးဆေးဆေးနဲ့ ရိုးရိုးရှင်းရှင်းပြန်ဖြေသည်။

ဟုတ်တယ် လူတော်တော်များများကသူ့ကိုလှတယ်လို့ပြောကြတယ်။ သူ့အတွက်တော့ဒါဟာအသစ်အဆန်းမဟုတ်ပေမယ့် jungkookကကျောင်းမှာ သူတစ်ယောက်တည်းအလှဆုံးဆိုသောစကားကြောင့် စိုက်ကြည့်နေရာမှသူမျက်တောင်ခတ်မိသည်။

"အာ အင်း"

taehyungဒါပဲပြောနိုင်တော့သည်။ အိုး! ရုတ်တရက်ကြီးပါးတွေပူလာသလိုပဲ။

ထိုအချိန်"မင်းက ငါ့အတွက်ချစ်စရာကောင်းတဲ့သူပဲ"ဓာတုဗေဒမှတ်စုရေးနေစဉ် jungkook တွေးမိကာ ဘေးကပါးတွေနီရဲနေတဲ့အရုပ်လေးကို ရူးသွပ်စွာထိုင်ကြည့်နေမိတော့သည်။

"ဆိုတော့ အခုမင်းအရုပ်လေးနဲ့တွေ့ပြီးပြီပေါ့"

"ဟုတ်တယ် ဒီနေ့တွေ့ခဲ့တာ ပိုလှလာတယ်"

Your Boyfriend or Your Devil (Completed)Where stories live. Discover now