Chapter 28

8.9K 1.3K 20
                                    

Chapter 28

ချက်ချင်း ချန်းယွမ်ဟာ အိပ်ရာအောက်ကို ဝင်ပြီး ပုန်းဖို့တွေးလိုက်တယ်။ ဒါပေမဲ့ ရဲ့ရွှီက သူ့ကို နောက်ပြန်ဆွဲပြီး
" မင်း ဘယ်သွားမလို့လဲ? အသတ်ခံချင်နေတာလား?"

" ဒါပေမဲ့…."

ရဲ့ရွှီက ချန်းယွမ်းပေါ် စောင်အုပ်ပေးလိုက်ပြီး
" အထဲမှာ ပုန်းနေ မလှုပ်နဲ့"

သူက မြန်မြန် အိပ်ရာပေါ်က ဆင်းပြီး လိုက်ကာတွေကို ပြန်ဆွဲချလိုက်တယ်။ အဲ့ဒီအချိန်မှာပဲ ကျင်းဝမ်က တံခါးဖွင့်ကာ ဝင်လာခဲ့တယ်။

".... အရှင်မင်းကြီး" ရဲ့ရွှီက သူ့ဆီလမ်းလျှောက်သွားရင်း နှုတ်ဆက်ကာ သဘာဝတကျ ဖြစ်နေစေဖို့ ကြိုးစားလိုက်တယ်။
" မင်း ဒီကို ဘာလာလုပ်တာလဲ?"

ကျင်းဝမ်နောက်က လိုက်ပါလာတဲ့ အစေခံက အခန်းထဲက မီးအိမ်တွေကို ထွန်းလိုက်တယ်။ ကျင်းဝမ်က အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ပြီး
" မင်း အဆင်ပြေရဲ့လား?"

" ငါ… ငါ အဆင်ပြေပါတယ်" ရဲ့ရွှီက မျက်လုံးကို ပွတ်ပြီး အိပ်ချင်နေသလို ဟန်ဆောင်လိုက်တယ်။
" အခုတင်လေးနိုးလာတာ အပြင်မှာ အရမ်းဆူတာပဲ"

" လုပ်ကြံသူတစ်ယောက် ဒီဘက်ကို ပြေးသွားတယ်လို့ ကုကြားခဲ့တယ်" ကျင်းဝမ်ရဲ့ ပုံစံက တည်ငြိမ်အေးဆေးနေပြီး ပေါ့ပါးနေတယ်။
" မင်း တကယ် ဘယ်သူ့ကိုမှ မတွေ့မိဘူးလား?"

ထူးထူးခြားခြား ကျင်းဝမ်က သူ့အလုပ်တွေကို အချိန်မှီ လက်စသတ်ပြီးရန်ရှင်းအဆောင်ကိုပြန်ကာ သူ့ရဲ့ ကြင်ရာတော်နဲ့ အတူ အချိန်တွေ ကုန်ဆုံးချင်တယ်။ မမျှော်လင့်ထားစွာနဲ့ အခန်းအလွတ်ကိုသာ တွေ့လိုက်ရပြီး ခဏကြာမှ ဒီနေရာမှာ ရှိနေနိုင်တယ်လို့ တွေးမိလိုက်တယ်။ ဒါ့ကြောင့် သူချက်ချင်းထွက်လာပြီး လမ်းတစ်ဝက်မှာ အကျဉ်းသားတစ်ယောက် ထွက်ပြေးသွားတယ် ဆိုတဲ့ သတင်းကို ကြားလိုက်ရတယ်။

ကျင်းဝမ် က ရဲ့ရွှီ ထွက်ပြေးတဲ့ ကိစ္စကို မပေါက်ကြားစေချင်ဘူး။  ဒါ့ကြောင့် ချန်းယွမ်ကို နန်းတော် အကျဉ်းထောင်ထဲ မထားထားဘဲ သူ့ကို အကျဉ်းချထားနိုင်မဲ့ နေရာ တစ်ခုမှာ ထားထားတယ်။ ဒါပေမဲ့ အံ့ဩစရာကောင်းစွာနဲ့ ဒီလူက ကိုယ်ရံတော်တွေအများကြီးရဲ့ လက်ထဲကနေ လွတ်ဖို့အခွင့်အရေး ရှာတွေ့သွားခဲ့တယ်။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now