Chapter 56

7.9K 1.1K 35
                                    

Chapter 56

ရဲ့ရွှီကတော့ အဲ့အကြောင်း တွေးတောင် မတွေးမိခဲ့ဘူး။

ကျင်းဝမ် ဒီလိုအတွေးမျိုးရှိလိမ့်မယ်လို့လဲ သူတစ်ခါမှ မတွေးခဲ့ဖူးဘူး။
    
တကယ်တော့ ရဲ့ရွှီ အဲ့လိုအရာတွေကို အမှန်တကယ် ဂရုမစိုက်ဘူး။ အမတ်မင်း ဖြစ်ဖြစ် ကြင်ရာတော်ဖြစ်ဖြစ် သူသာ ဒီလူနဲ့ အတူရှိနေနိုင်သရွေ့ လုံလောက်နေပြီ။

ဒါပေမဲ့ ကျင်းဝမ်ကတော့ ဒီလို အတွေးမျိုး မရှိဘူး

ဒါ့ကြောင့် ကျင်းဝမ်က ခေတ်သစ် အတွဲတွေ ဘယ်လို မျိုး ပြုမူနေထိုင်ကြသလဲဆိုတာ သူ့ကို အဆက်မပြတ်မေးနေတာ အံ့ဩစရာ မရှိတော့ပါဘူး။

သူက ရဲ့ရွှီကို အချစ်တွေ လေးစားယုံကြည်မှုတွေ‌ အစစအရာရာအားလုံးကို အကောင်းဆုံးဆိုတဲ့ အရာတွေပဲ ပေးဖို့ ကြိုးစားနေတာပဲ

ရဲ့ရွှီ တိတ်ဆိတ်နေခဲ့တယ်။ ကျင်းဝမ်က အနားတိုးကပ်ကာ
" မင်းရင်ထဲ ထိသွားတာလား?"

"…"

ရဲ့ရွှီက အကြည့်လွဲကာ
" မ .. မဟုတ်ပါဘူး။ မင်း က အရမ်းကောင်းအောင်ပြောထားတော့ အဲ့တာ.. မင်း ငါ့ကို ချစ်တာ တခြားသူတွေ သိစေချင်တယ်ဆိုလဲ ဘာလို့ အဲ့လောက် အရမ်း နူးညံ့နေအောင် ရေး.  ရေး…."

နူးညံ့တယ်။ အရမ်းကို နူးညံ့လွန်းတယ်။

" ကိုယ် မရေးရသေးတဲ့ဟာတွေတောင် အများကြီး ရှိသေးတယ်" ကျင်းဝမ်က ပြုံးကာ လေးနက်စွာ ပြောလာတယ်။
" အမိန့်ပြန်တမ်းထဲက စကားလုံးတိုင်းဟာ ကိုယ့်ရင်ထဲက လာတဲ့စကားတွေကြီးပဲ။ မုသား တစ်ခွန်းမှမပါဘူး"

ရဲ့ရွှီ နားရွက်တွေနီရဲလာပြီး ခေါင်းလှည့်ကာ သူ့ကို လျစ်လျှူရှုထားလိုက်တော့တယ်။

ကျင်းဝမ်ရဲ့ အသံက သူ့အနောက်ကနေ ထွက်လာတယ်။
" ကုနဲ့ ရဲ့အမတ်မင်းက နှစ်ပေါင်းများစွာ မိတ်ဆွေတွေ ဖြစ်လာကြတာ။ ကိုယ်တို့ တစ်ယောက်နဲ့ တစ်ယောက်နက်ရှိုင်းတဲ့ ခံစားချက်တွေ ရှိနေကြပေမဲ့ ကုရဲ့ နှလုံးသားထဲက အချစ်ဟာ ပင်လယ်ထက်တောင် နက်ရှိုင်းပါတယ်။ မင်း ကိုယ်တို့ရဲ့ ဆက်ဆံရေးကို ဂရုမစိုက်ဘူးဆိုရင်….."

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Where stories live. Discover now