Chapter 7

13.9K 1.8K 55
                                    

Chapter 7

အခုဆို ရဲ့ရွှီက ကျင်းဝမ်နဲ့အတူ တစ်မိုးအောက်ထဲမှာ နေပြီး တူညီတဲ့ စားပွဲပေါ်မှာ အတူစားနေရသလို ဘုရင်မင်းမြတ်ရဲ့ ရေချိုးဆောင်ကိုလဲ သုံးလို့ရတယ်။

အဖြူရောင်ကျောက်ရေကန်က အဆင်တန်ဆာတွေများစွာ ဆင်ယင်ထားပြီး အခန်းတစ်ဝက်စာလောက်ကို ကျယ်‌တယ်။ တောင်ပေါ်က စီးကျ‌လာတဲ့ ရေပူစမ်းကရေလို တစ်ခန်းလုံး ရေငွေ့တွေနဲ့ ပြည့်နေတယ်။

ရဲ့ရွှီက ရေနွေးငွေ့တွေထဲ လျှောက်သွားလိုက်ပေမဲ့ သူ့ကို ခေါ်လာတဲ့ အစေခံကတော့ မထွက်သွားသေးဘူး။

" အဲ့တာ ဘာလဲ?"

အစေခံက နှင်းဆီရနံ့သင်းနေပျံ အမွေးဆီကို ဗန်း‌နဲ့ ကိုင်ထားတယ်။

အစေခံက ပြောလာတယ်။
" ဒီအစေခံက ကိုယ်လုပ်တော်ကို ရေချိုးပေးမလို့ပါ"

ရဲ့ရွှီရဲ့ အကြည့်တွေက အမွေးဆီပေါ် ရောက်သွားနောက် ချက်ချင်း မည်းမှောင်သွာတယ်။
" " မလိုဘူး ထွက်သွား"

" ဒါပေမဲ့ အရှင်မင်းကြီးအမိန့်ပေး…"

ရဲ့ရွှီက နှာရှုံ့လိုက်ပြီး
" မင်းငါ့ကို ထိရဲလား?"

အစေခံ အမြီးကုပ်သွားတယ်။

နန်းတော် တာဝန်ထမ်းဆောင်ဖို့ ဆိုရင် စကားလုံးတွေ အမူအရာတွေနဲ့ အတိုင်းအတာတစ်ခုအထိ ဘယ်လိုလိမ့်ညာရမလဲဆိုတာ သိထားမှ ရမယ်။

အစေခံရှေ့မှာ ရှိနေတဲ့ ဒီလူက ဂုဏ်ပုဒ်တွေ ညိုးငယ်သွားခဲ့ပေမဲ့ တစ်ချိန်ကတော့ ဘယ်သူကမှ လျော့တွက်လို့ မရတဲ့ အာဏာကြီးမားပြီး ဂုဏ်သရေမြင့်မြတ်တဲ့  လက်ဝဲအမတ်ကြီး ဖြစ်ခဲ့သေးတာပဲ

ဒီလူက အလွန်တရာကြီးမားတဲ့ အပြစ်ကို ကျူးလွန်ခဲ့တယ်။ ဒါပေမဲ့ သူ့ကို ကွပ်မျက်မဲ့အစား အရှင်မင်းကြီးက သူ့ကို ကယ်ဆယ်ဖို့အတွက် သေဒဏ်ကျနေတဲ့ အခြားလူတစ်ယောက်နဲ့ အစားထိုးခဲ့တယ်။  အဲ့တာက အရှင်မင်းကြီးရဲ့ နှလုံးသားထဲက သူ့ရဲ့ ဖြစ်တည်မှုကို ရည်ညွှန်းနေတာပဲ

ဒီလိုလူကို ရန်စလို့ မသင့်ဘူး။

အစေခံကတွေးပြီး ကောင်းကျိုးဆိုးကျိုးတွေကို ချင့်ချိန်နေတယ်။ ပြီးနောက်မှ သူကိုင်ထားတဲ့ ဗန်းကို ချကာ ရဲ့ရွှီကို အရိုအသေပေးပြီး ထွက်သွားခဲ့တယ်။

✅✔️☑အချိန်ကူးပြောင်းပြီးနောက် အမှတ်အသား ပေးခံလိုက်ရခြင်း { Myanmar Translation }Donde viven las historias. Descúbrelo ahora