1

39.7K 1.4K 62
                                    

[Unicode]

"ဖြောင်း ဖြောင်း ဖြောင်း"

လက်ခုပ်သံ မဟုတ်ဘူး ။ မျက်နှာ ကို ဖြတ်ရိုက်သံ ။ လယ်သာ အနက် ဝမ်းဆက်  မေးရိုးထင်းထင်း အကြည့် စူးရှရှ နဲ့ ခပ်ဖြောင့်ဖြောင့် လူ က သူ့ အရှေ့ က အသားခပ်ဝင်းဝင်း ခန္ဓာကိုယ် အနည်းငယ်သွယ်လျလျ ကြွေရုပ်လို ချောတဲ့ ကောင်လေး ကို ရိုက်လိုက်တာ ။ အားပြင်းတဲ့ ရိုက်ချက်တွေ မှာ မဟန်နိုင်ဘဲ ခွေခွေလေး ပစ်လဲကျသွားတဲ့ ကောင်လေး ။ ‌ခပ်ဖြောင့်ဖြောင့်လူ က ခါးကို ကိုင်းပြီး အုပ်မိုးကြည့်ကာ မေးတယ် ။

"နာလို့လား"

ကောင်လေး က မဟန်နိုင်တာတောင်မှ ခေါင်းခါပြလိုက်‌တော့ ခပ်ဖြောင့်ဖြောင့်လူ က မဲ့ပြုံးပြုံးပြီး ကိုယ်ကို ပြန်မတ်ကာ အိမ် အပြင် ကို ထွက်သွားတယ် ။ သိပ်မကြာခင် ဆိုင်ကယ်လီဘာ တဗြင်းဗြင်း ဆွဲပြီး ဝူးကနဲ မောင်းထွက်သွားသံ ကြားရတယ် ။ လဲကျနေတဲ့ ကောင်လေး  က ပြန်ထပြီး အပေါ်ထပ် ကို ဖြည်းဖြည်းတက်သွားကာ ‌သူ့အခန်းရှေ့ ရောက်တော့ တံခါးဖွင့်ပြီး ဝင်သွားလိုက်တယ် ။ မှန်ရှိတဲ့ နေရာ သွားပြီး ယောင်ကိုင်း ညိုမဲစွဲသွားတဲ့ မျက်နှာ ကို ကြည့်ရင်း ပြုံးတယ်ဆိုရုံ ပြုံးတယ် ။ ပြီးတော့ ဒဏ်ရာ ကို ဆေးမထည့်ဘဲ နှစ်ယောက်အိပ်ကုတင်ကြီးပေါ် လှဲကာ စောင်ခြုံပြီး အိပ်လိုက်တယ် ။ ဆေးထည့်လည်း မနက်ကျ ထမင်းစားနိုင်မှာ မှ မဟုတ်တာ ။

ညည့်သန်းခေါင် အချိန် ဆိုင်ကယ် စက်သံ က အညိုရင့်ရောင် အိမ် ရှေ့မှာ ရပ်သွားတယ် ။ ဖွင့်ထားတဲ့ တံခါး ကနေ ဝင်လာပြီး တံခါးပိတ်ကာ ဂျွန်ဂျောင်ကု အပေါ်ထပ် ကို တက်လာတယ် ။ အခန်းရှေ့ ရောက်တော့ တံခါး ကို ခပ်ဖြည်းဖြည်း ဖွင့်ကာ ဝင်လိုက်ပြီး  လယ်သာ အနက် ဝမ်းဆက် ကို ချွတ်ကာ ခပ်ပွပွ အနက်ရောင် ဝတ်စုံ တစုံ ကို ထုတ်ပြီး ဝတ်တယ် ။ ကြွေရုပ်လို ချောနေတဲ့ ကင်မ်ထယ်ယောင်း ဘေး မှာ ခပ်ခွာခွာဝင်လှဲပြီး မျက်လုံးတွေ ကို မှိတ်လိုက်တယ် ။ မျက်လုံး မှိတ်ထားတာတောင် အတွေးထဲ ပေါ်လာနေတဲ့ ကင်မ်ထယ်ယောင်း မျက်နှာချောချော ကြောင့် ဒေါသ တွေ ထွက်လာတယ် ။ ထပ်ရိုက်ရင်လည်း သေဖို့ပဲ ရှိတော့တာမို့ စိတ်ကို လျှော့ရင်း ကြိုးစားအိပ်ရတယ် ။ အရိုက်ခံထားရတာတောင် ကောင်းကောင်း အိပ်ပျော်တဲ့ ကင်မ်ထယ်ယောင်း ကို မုန်းတီးမိတယ် ။

Narcissist Jeon 📝 Completed Where stories live. Discover now