4

14K 1.2K 39
                                    

[Unicode]

ညနေမှောင်ရီပျိုးစ ရောက်လာတဲ့အထိ ကင်မ်ထယ်ယောင်း က ချယ်ရီပင်ကြီး အောက်မှာ ဒူးထောက်လျက်သား နေနေတယ် ။ ဝရန်တာကနေ လက်ပိုက်ပြီး ရပ်ကြည့်နေမိတာက ဂျွန်ဂျောင်ကု ပါ ။ နေ့လည်စာ စားတော့လည်း တယောက်တည်း စားလိုက်ရတယ် ။ အိမ်အကူ အဒေါ့် ကို ကင်မ်ထယ်ယောင်း ကို သွားခေါ်ခိုင်းတော့လည်း ငိုနေတယ် တဲ့ ။ မသိရင် ဂျွန်ဂျောင်ကု က ဒူးထောက်ခိုင်းထားလို့ ထောက်နေရတဲ့ ပုံစံမျိုး လုပ်‌နေတယ် ။ တကယ်ကိုပဲ ကင်မ်ထယ်ယောင်း က ဘာဖြစ်ချင်နေတာလဲ ။ ဂျွန်ဂျောင်ကု ကို စိတ်အနှောင့်အယှက်ပေးဖို့ စနစ်တကျ စီစဉ်ထားတာလား ။ ဂျွန်ဂျောင်ကု ဝရန်တာကနေ အထဲ ပြန်ဝင်ပြီး အောက်ထပ်ကို ခပ်မြန်မြန်ဆင်းတယ် ။ ခြံထဲက ချယ်ရီပင်ကြီး ဆီကို စိတ်ဆိုးမာန်ဆိုး လျှောက်သွားပြီး ကင်မ်ထယ်ယောင်း အရှေ့မှာ ရပ်လိုက်တယ် ။

"ကင်မ်ထယ်ယောင်း မင်း အိမ်ထဲ မဝင်တော့ဘူးလား"

"....."

"ငါ့ကို စိတ်ကသိကအောက် ဖြစ်အောင်လုပ်နေတာ ကို ရပ်လိုက်တော့"

"......"

ဂျွန်ဂျောင်ကု က ဒေါသတကြီး ပြောနေပေမယ့် ကင်မ်ထယ်ယောင်း က ခေါင်းငုံ့ထားပြီး အင်း မလုပ် အဲ မလုပ် ပဲ ။ ဂျွန်ဂျောင်ကု ရဲ့ ‌ဒေါသ တွေ ပို တောက်လောင်လာတာမို့ အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်တယ် ။ ကင်မ်ထယ်ယောင်း က သနားလို့ မရတဲ့ သူမျိုး လို့ သတ်မှတ်လိုက်တယ် ။ ဂျွန်ဂျောင်ကု ဒူးတဖက်ထောက်ထိုင်ချပြီး ကင်မ်ထယ်ယောင်း နား နားကို ကပ်ကာ တလုံးချင်းစီ ပြောလိုက်တယ် ။

"အခု အိမ် ထဲ မ ဝင် ရင် ငါ ဆေး ရုံ စ ရိတ် ဆက် မ ပေး တော့ ဘူး"

ကင်မ်ထယ်ယောင်း က ထိတ်လန့်သွားတဲ့ မျက်ဝန်းတွေ နဲ့ ဂျွန်ဂျောင်ကု ကို ကြည့်လာတယ် ။ ဂျွန်ဂျောင်ကု ဂရုမစိုက်ဘဲ မတ်တပ်ရပ်ပြီး အိမ်ဘက် ဆီ လျှောက်လာ‌တော့ အနောက်ကနေ အသံတုန်တုန်ရင်ရင် နဲ့ လှမ်းပြောတဲ့ ကင်မ်ထယ်ယောင်း ။

"ကျနော် မတ် တပ် ရပ် ရပ် လို့ မရဘူး မစ္စ စ တာ ဂျွန်"

ဒီဘဝမှာ ကင်မ်ထယ်ယောင်း ကမှ ဂျွန်ဂျောင်ကု ကို ဒုက္ခမပေးရင် ဘယ်သူ က မှ ပေးမှာ မဟုတ်ဘူး ။ ဂျွန်ဂျောင်ကု ပြန်လှည့်ပြီး ကင်မ်ထယ်ယောင်း ကို ဆွဲထူကာ တခါတည်း ပခုံးပေါ် ထမ်းတင်တယ် ။ အဲ့ဒီအတိုင်း အပေါ်ထပ် ကို တက်သွားပြီး အိပ်ခန်းထဲ ရောက်မှ ဆိုဖာ ပေါ် ပစ်ချ လိုက်တယ် ။

Narcissist Jeon 📝 Completed Where stories live. Discover now