24

10.2K 916 78
                                    

[Unicode]

ဂျွန်ဂျောင်ကု ဒီနေ့ Company အခြေအနေလာကြည့်ရင်း Design ကိစ္စ ပြဿနာတက်နေကြောင်း သိရတာမို့ Urgent Meeting (အရေးပေါ်အစည်းအဝေး) ခေါ်လိုက်ရတယ် ။ တကယ်ဆို ခဏကြည့်ပြီး အိမ်ပြန်မှာပေမယ့် အခုကျတော့ Meeting Room မှာ ထိုင်နေပြီး ပြဿနာရင်းမြစ်ကို နားထောင်နေရတယ် ။ တယောက်တပေါက် ပြောနေကြတဲ့ စကားတွေကြောင့် စားပွဲခုံကို လက်ဝါး နဲ့ တချက်ရိုက်လိုက်တယ် ။

"တယောက်ချင်းစီ အေးဆေးပြောပေးပါ Meeting Room ထဲထိ ခင်ဗျားတို့က သားငါးတန်းကလိုမျိုး အော်ဟစ်ရန်ဖြစ်နေဦးမှာလား"

"တောင်းပန်ပါတယ် သူဌေး"

"ဟုတ်ပြီ အခုဖြစ်တဲ့ ပြဿနာ နဲ့ လိုရင်း မြန်မြန်ပြောပါ"

Design အဖွဲ့ ၁ ရဲ့ ခေါင်းဆောင် က မတ်တပ်ရပ်ပြီး ဂျွန်ဂျောင်ကု ကို ဦးညွတ်နှုတ်ဆက်ပြီး ပြောတယ် ။

"ကျနော်တို့ရဲ့ Design တွေကို ပယ်ချပြီး အဖွဲ့ ၂ က Design တွေကိုပဲ ရွေးချယ်လို့ပါ သူဌေး ဒါက မဖြစ်သင့်ပါဘူး ယှဉ်ကြည့်မယ်ဆိုရင်လည်း ကျနော်တို့ Design က ပိုသာပါတယ် ပြီးတော့ ဘာကြောင့် မရွေးချယ်တာလဲ ဆိုတဲ့ အဖြေကိုလည်း မပေးပါဘူး မတရားဘူးလို့ ခံစားရပါတယ် နေ့မအိပ် ညမအိပ်ဘဲ အဖွဲ့သားအားလုံး ခေါင်းခြောက်ခံ စဉ်းစား ရေးဆွဲပြီးမှ ဖြစ်လာတာပါ သူဌေး"

"အင်း နားလည်ပြီ ခင်ဗျားတို့ အဖွဲ့ Design တွေ ကျနော့် ကို ထည့်ပေးလိုက်ပါ ကျနော် ပြန်စစ်ဆေးပေးမယ်"

"ကျေးဇူးတင်ပါတယ် သူဌေး"

"ဒါကတော့ မတရားပါဘူး သူဌေး ကျနော်တို့ အဖွဲ့ Design တွေက ပိုကောင်းမွန်နေလို့ ရွေးချယ်ခံရတာပါ ဒါကို သက်သက် မနာလိုဖြစ်နေတာ ဒီလူက"

Design အဖွဲ့ ၂ ခေါင်းဆောင် က မခံမရပ်နိုင် ထပြောလာတာမို့ ဂျွန်ဂျောင်ကု မျက်မှောင်ကြုတ်မိသွားတယ် ။

"ဟုတ်ပြီ ခင်ဗျား ရဲ့ Design တွေလည်း ကျနော့်ကို ထည့်ပေးလိုက်ပါ ကျနော် ပြန်စစ်ဆေးပြီးမှ ရွေးချယ်ခံရတဲ့အဖွဲ့ကို ပြန်အတည်ပြုမယ် အခုတော့ ဒီလောက်ပဲ ခင်ဗျားတို့ သွားလို့ရပြီ"

"ဟုတ်ကဲ့ပါ သူဌေး"

အဖွဲ့ ၂ ခေါင်းဆောင် က သိပ်မကျေနပ်ပေမယ့် ဂျွန်ဂျောင်ကု မျက်နှာထားကြောင့် ဘာမှ ဆက်မပြောတော့ဘဲ ထွက်သွားရတယ် ။ အဖွဲ့ ၁ ခေါင်းဆောင်ကတော့ ဦးညွှတ်နှုတ်ဆက်ပြီး ကျေနပ်နေတဲ့ မျက်နှာ နဲ့ ပြန်ထွက်သွားတယ် ။

Narcissist Jeon 📝 Completed Donde viven las historias. Descúbrelo ahora