ကမ္ဘာအေးလမ်းမပေါ်၍ BMWကားအနက်လေး တရိပ်ရိပ်မောင်းနေခဲ့သည်။ အကွေ့၌
ဝှီး~
စိုင်းခွန်နောင်တစ်ယောက်မျက်မှောင်ကြုတ်ပြီးကားပေါ်ကဆင်းကာ....
"ကောင်လေး သေချင်လို့လား ဒီလိုဇွတ်ကွေ့လိုက်လို့ဘယ်ဖြစ်မလဲ"စက်ဘီးနဲ့ကောင်လေးတစ်ယောက် delivery လိုက်ပို့ပုံပေါ်တယ်။ စက်ဘီးက ဇွတ်ကွေ့လာတဲ့ကောင်လေးက စက်ဘီးမှောက်ပြီး လဲနေတော့တယ်။ အဲ့ဒီ့ကောင်လေးနှာတစ်ချက်မှုတ်ပြီး သူ့ကိုဥပေက္ခာပြုထားရင်း ကုန်ရုန်းထနေတာတွေ့တော့ သူရင်ထဲထူးဆန်းတဲ့ခံစားချက်လေးဝင်လာတယ် သူထပ်ပြောလိုက်တယ်
"ဟေ့ ဟိုကောင်လေး ပြောနေတာမကြားဘူးလား နားကန်းနေတာလား မင်းအမှားလုပ်ပြီး မတောင်းပန်ဘူးလား "
ဦးထုပ်အပြာရောင်လေးနဲ့လှည့်ကြည့်လာတဲ့ ကောင်လေးက
"ဒီမယ် ဦးလေးကြီး ခင်ဗျားတစ်ယောက်ယောက်စက်ဘီးမှောက်သွားရင် ဘာဖြစ်သွားလဲ အဆင်ပြေရဲ့လား အရင်မေးရမှာမဟုတ်ဘူးလား ခင်ဗျားလိုလူမျိုးကိုအဖက်ကိုမလုပ်ချင်ဘူးဗျ "" ............................"
ဘုန်းလေပြေ' pov: (ဟမ် ဒီလူဘာဖြစ်တာလဲ ဘာလို့ငါ့ကိုဘာမှမပြောဘဲ မျက်လုံးပြူးပြီးကြည့်နေတာလဲ ငါတို့နှစ်ယောက်စကားအချေအတင်များတော့မှာမဟုတ်ဘူးလား)
🎼🎼🎼🎼 📱
ဖုန်း ringtone သံမြည်လာလို့ကြည့်လိုက်တော့"ဟာ သွားပြီး ဖွားဖွားတော့ငါ့ကိုသတ်တော့မယ် နောက်ကျနေပီ"
ဘုန်းလေပြေတစ်ယောက်ကျန်ခဲ့တဲ့ဦးလေးကြီးအားမေ့ပြီး စက်ဘီးနင်းကာ သုတ်ချေတင်ပြေးမိတော့သည်
အဲ့တော့မှ စိုင်းခွန်နောင်တစ်ယောက် သတိပြန်ဝင်လာပြီး
"လေ...လေပြေ" သူအော်ခေါ်ခဲ့တာပါ ဒါမဲ့ အသံကတိမ်ဝင်ပြီး လည်ချောင်းထဲမှထွက်မလာခဲ့...သူကားပေါ်အမြန်ပြန်တက်ပြီး ကောင်လေးနောက်ကို အသာလိုက်လာခဲ့သည်...🎼🎼🎼(Ringtone)
"ပြော"
အတွင်းရေးမှူး သျှင်းထက်တစ်ယောက်တစ်ဖက်မှ နှုတ်ခမ်းရွဲ့သွားသည်
"ဟေ့ Boss နောက်ကျနေတာလား 10နာရီ meetingရှိတယ်လေ"
စိုင်းခွန်နောင်တစ်ယောက်ခေါင်းခါမိသည် ကိုယ်က bossပေမဲ့ သူငယ်ချင်းက အတွင်းရေးမှူးဖြစ်တော့လည်း ဟေ့ bossတွေ ဘာတွေဖြစ်နေရော

YOU ARE READING
နှလုံးသားဝိညာဉ်
RomanceBL novel Past life connection 🤍🤍 👋 Hello😁 own creation လေးပါ