Ep-2

9 0 0
                                    

ဘုန်းလေပြေတစ်ယောက် အိမ်မက်ဆိုးမှနိူးလာခဲ့သည်။ သူနိူးလာတော့ ချွေးတွေလည်းထွက်ပြီး နှလုံးခုန်လည်းမြန်နေသည်။

"ချီးပဲကွာ" သူ့ကိုယ်သူရေရွတ်ရင်း အိမ်သာထဲပြေးဝင်သွားခဲ့တယ်။ ဘာလည်းဘာလို့လဲ။ အိမ်မက်ထဲမှာ သူနဲ့မနေ့ကဟိုလူနမ်းနေကြတယ်။ အဲ့ဒီလူနဲ့နမ်းနေတဲ့အိမ်မက်မက်ပြီး သူမနက်လန့်နိူးလာတာတော့ သူဘယ်လိုတောင်ပြီးသွားခဲ့တာလဲ။ သူ့ကိုယ်သူတောင်လန့်မိတယ်။ ယောင်္ကျားလေးသဘာဝ မနက်ခင်းထကြွနိူးကြားလာရင်တောင် သူကမပီးနိုင်ပဲ နာကျင်မှုပဲခဲံစားခဲ့ရတာလေ "what the heck ပဲကွ" ချီး။ ရှက်စရာကြီးကွာ။ ပြီးတော့ ယောင်္ကျားရင့်မာကြီးနဲ့မှ။ ငါက straight စစ်စစ် ရေမရောဘူးလေ။ အိမ်မက်ကဘယ်လိုတောင်လှည့်စားရက်တာလဲ။ သူဘောင်းဘီချွတ်ပြီး ဖွားဖွားမသိအောင်အဝတ်ခိုးလျှော်ခဲ့တယ်။ လှန်းနေတုန်းပဲရှိသေးတယ် ဖွားဖွားရောက်လာပြီးအထူးအဆန်းပါလားအဝတ်တွေဘာတွေလျှော်လို့ လို့ရေရွတ်သွားသေးတယ်။ ဖွားဖွားက လူငယ်တွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ခေတ်မှီတဲ့ အဖွားကြီးမို့ကြောက်ရတယ် ရှက်ဖို့ကောင်းလိုက်တာ။ သူအခန်းထဲမှာ internအတွက် ပြင်ဆင်နေတုန်း အဲ့လူအကြောင်းတွေးလိုက်မိတယ်။ ဒီလူဘာကြောင်တာလဲ ရူးနေပေမဲ့ အရူးနဲ့လည်းမတူဘူး သူ့ကားကိုဝင်တိုးမိလို့ ငါ့ကိုတမင်လိုက်နောက်တာလား တော်တော်အားနေလား ဒီအသက်အရွယ်မှာ အရမ်းအားနေတာ မကောင်းဘူး ဦးလေးကြီးရေ လို့ရေရွတ်ရင်းခေါင်းထဲကထုတ်ပစ်လိုက်တယ်။ ခဏကြာတော့ ကိုကြီးရဲ့ သူငယ်ချင်း ကိုနှိုင်းဓနဆီကဖုန်းဝင်လာခဲ့တယ်။

"ဟုတ် ကိုဓန ဟုတ်"

"ကိုနှိုင်းလို့ခေါ်ရင်ခေါ် မဟုတ်လည်း အစ်ကိုလို့ပဲခေါ်လေပြေရာ ကိုဓနဆိုတာ နားထောင်ရတာထောက်လို့ပါကွာ ကိုယ့်ကိုနာမည်ပေးတဲ့အဖေနဲ့အမေကိုတောင် စိတ်ဆိုးချင်သွားပီ"

"နောက်ချင်ရင်း အကျင့်ပါသွားလို့ပါ အစ်ကို ဆောတီး ဆောတီး ဟိဟိ"

"အာ့ဆို အစ်ကို company မှာမဟုတ်ဘဲ Kun Paradise Company က internမှာရလိမ့်မယ် ဖုန်းဆက်လိမ့်မယ်ပေါ့နော်အစ်ကို"

နှလုံးသားဝိညာဉ်Where stories live. Discover now