လေပြေတစ်ယောက် ဆွံ့အ နေသည်။ ပြီးနောက် ပြောလိုက်တာက
"ဦးလေးကြီး...အယ်...(နားထင်လေးကိုလက်ညှိုးနဲ့အသာကုတ်ကာ) Bossမှာ အမွှာရှိလား "
စိုင်းခွန်နောင်တစ်ယောက် ကောင်လေး မယုံကြည်နိုင်ဖြစ်နေတာကိုတွေးပြီး အသာရယ်ကာ~
"မရှိပါဘူး ကောင်လေးရ ကိုယ်က တစ်ဦးတည်းသောသားပါ "
ဘုန်းလေပြေအတွေးထဲမှာတော့ ( "ခင်ဗျားကြီး ဘာရယ်တာလဲ ကျွန်တော့်ကိုလှောင်နေတာလား " )"အာ့ဆို ဟိုနေ့က ကျွန်တော့်ကို နောက်နေတာလား"
"ကိုယ်မနောက်ဘူး အာ့ကိုယ်အမှန်တွေပဲ ပြောခဲ့တာ"
" ဗျာ "
"မင်းစိတ်ကိုပြင်ဆင်ထားဖို့လိုပြီကောင်လေး"
"ဘာကိုလဲ"
"နောက်ပိုင်း ကိုယ်မင်းကို ပြောသမျှ လုပ်သမျှတွေအာ့လုံး ကိုယ်အတည်ပဲ ဘယ်တော့မှ မနောက်ဘူး ဆိုတာမှတ်ထားနော် မင်းကိုခုလည်းအတည် နောင်လည်းအတည် အတိတ်ကလည်းအတည်ပါပဲ"
" ဗျာ....ဘာကိုလဲပြောတာလဲ " ဘုန်းလေပြေတစ်ယောက် သူပြောချင်တာသာ ပြောသွားသော သူတို့ Bossကို ကြည့်ပြီး ဆွံ့အနေသည်။
" အဲ့လောက်သိထားရင်ရပြီ ကောင်လေး "
လေပြေ' pov : (အံမယ် ဘာလို့အဲ့လောက်ပဲသိရမှာလဲ ရှင်းရှင်းပြောဗျ)
" ကျွန်တော့်မှာ နာမည်ရှိတယ်ဗျ ဘုန်းလေပြေ ကျွန်တော့် နာမည်ကောင်လေးမဟုတ်ဘူး "
" ဟုတ်ပါပြီဗျာ လေပြေ ဘာစားပြီးပြီလဲ "
"ဟုတ်ကဲ့ဗျ ကျွန်တော် အိမ်မှာ ပေါင်မုန့်မီးကင်နဲ့ coffee
သောက်ခဲ့တယ် ""ရော့.....ဒါဆို ဒါလေးဗိုက်ဆာရင်ထပ်စားလိုက် "
စိုင်းခွန်နောင်က burger နဲ့ mocha ပါဆယ်ထုပ်လေးလှမ်းပေးလိုက်တော့ နေရခက်တဲ့ပုံလေးဖြင့်
"ဟို...ဟို...Boss ကျွန်တော်ဗိုက်ဆာတော့မှာမဟုတ်ဘူး...ရပါတယ်ဗျ...Boss ပဲစားလိုက်ပါ"
" ကိုယ်စားပြီးပြီ ယူလိုက်ပါလေပြေ မနက်စာလေးပဲဟာ "
အတင်းပေးတာနဲ့ လေပြေမနက်စာကို ယူလာခဲ့လိုက်တယ်။ နေရခက်လိုက်တာ။ ဒီလူ့ကိုသူဘယ်လိုနားလည်ရမလဲ။ ဒီလူက gayတော့မဟုတ်ဘူးမလား။ ရုပ်ရှင်ထဲကလို သူ့ကိုမြင်မြင်ချင်းချစ်သွားတာလား။ မဖြစ်နိုင်ပါဘူး ဖြစ်ကိုဖြစ်စရာအကြောင်းမရှိတာ။ လေပြေ အတွေးများကိုမတွေးတော့ဖို့ဆုံးဖြတ်ပြီး အလုပ်ကိုအာရုံစိုက်နိုင်အောင်ကြိုးစားဖို့လုပ်တယ်။ သူအလုပ်ကြိုးစားမယ်။ သူဒီအလုပ်မှာ permanent ဖြစ်ချင်တယ်။
YOU ARE READING
နှလုံးသားဝိညာဉ်
RomanceBL novel Past life connection 🤍🤍 👋 Hello😁 own creation လေးပါ