1.

495 27 4
                                    

Unicode

ပစ္စည်းတွေဟိုရွှေ့ဒီရွှေ့နဲ့အလုပ်ရှုပ်နေတဲ့ သူ့တူလေးကို ယွီဟိုင်ရန်ကရပ်ကြည့်နေရင်း သက်ပြင်းမောတွေအကြိမ်ကြိမ်ချတယ် ။ အမေတစ်ခုသားတစ်ခု ဖြစ်တဲ့ သူ့တူလေးနဲ့ သူ့အမကို သူအ​​ဝေးသွားတဲ့အခါ နှစ်​ယောက်တည်းဘယ်လိုထားခဲ့ရပါ့မလဲလို့တွေးရင်းစိတ်မောမိရတယ် ။

" ဦးလေးငယ် "

သူရပ်ကြည့်နေတာကို သတိထားမိသွားတဲ့ တူဖြစ်သူဝမ်ရိပေါ်က လက်လှမ်းပြ၍ ခေါ်လာတော့ အပြုံးလေးနဲ့ သွားရပြန်တယ် ။

" ဝေ့ မောနေပြီလား "

" မောနေပြီ ဒါမဲ့ပြီးတော့မှာပါ ဒီပစ္စည်းတွေကိုဂိုထောင်ထဲထည့်ဖို့ပဲကျန်တယ် "

ဝမ်ရိပေါ်လက်ညိုးထိုးပြတဲ့ပစ္စည်းတွေက အသေးအမွှားအရုပ်ကလေးတွေအများကြီးနဲ့ ဘာမှန်းမသိတဲ့ပစ္စည်းတွေတော်တော်စုံတယ် ။ ဒီပစ္စည်းလေးတွေက ဝမ်ရိပေါ်အရမ်းတန်ဖိုးထားရတဲ့ ဆော့စရာလေးတွေပင် ။ အိပ်ခန်းကို ပြောင်းလဲပြင်ဆင်မယ်လို့ပြောကတည်းက နည်းနည်းတော့ထူးဆန်းပေမယ့် အခုလိုတန်ဖိုးထားရတဲ့ပစ္စည်းတွေကိုပါ ဂိုထောင်ထဲထည့်ပစ်မယ်ဆိုတော့ ပိုစဥ်းစားစရာဖြစ်သွားပြီ ။ တစ်ဖက်ကနေပြန်တွေးကြည့်တော့လည်း သူ့တူလေးက အရင်လိုကလေးမှမဟုတ်တော့ပဲ ။ မျက်စိရှေ့တွင်မြန်မြန်ဆန်ဆန်ပဲအရွယ်ရောက်လာခဲ့ပြီ ။ ဘယ်လိုပဲဖြစ်ဖြစ် သိချင်တာကြောင့် ယွီဟိုင်ရန်ကမေးလိုက်တယ် ။

" မင်းအရမ်းကြိုက်တဲ့ ပစ္စည်းတွေမဟုတ်ဘူးလား ဘာလို့ဂိုထောင်ထဲထည့်မှာလဲ "

ဝမ်ရိပေါ်က ဒီမေးခွန်းအတွက်အဖြေကရှိပြီးသားဖြစ်တယ် ။

" ကျွန်တော်အရင်ကအရာဝတ္ထုတွေ ပုံစံတွေကြားမနစ်မြုပ်ထားချင်တော့ဘူး အရာရာကိုပြောင်းလဲပစ်တော့မှာ "

နစ်​မြုပ်​​နေရတဲ့အရာနောက်ထပ်တစ်ခုကျန်နေသေးပေမယ့် မပြောတော့ဘူး ။ သူ့ဦးလေးငယ်နားလည်လိမ့်မယ်လို့ထင်ပါတယ် ။

" ကောင်းတယ် ရိပေါ် ပြီးခဲ့တဲ့နှစ်တွေကတည်းက ဒီလိုပြောင်းလဲခဲ့သင့်တာ "

GUESTWhere stories live. Discover now